အချိန်တွေဟာ တဖြည်းဖြည်းနဲ့ ကုန်လွန်လာတာနဲ့အမျှ ထယ်ယောင်းနဲ့ဆိုယွန်းကြားက ဆက်ဆံရေးဟာ ကောင်းမွန်မလာဘဲ တဖြည်းဖြည်း တဖြည်းဖြည်း ပိုပိုဆိုးရွားလာခဲ့သည် မနက်ပိုင်း ကုမ္ပဏီမှာ ဆိုယွန်းက ထယ်ယောင်းကို ပညာပြပြီး အမျိုးမျိုးနှိပ်ဆက်သလ်ို ထယ်ယောင်းကလဲ ညဘက်ဆ်ို ဂျွန့်ကိုနှိပ်ဆက်ခြင်းဖြင့် ဆိုယွန်းကို ပြန်အနိုင်ယူသည်
ဆိုယွန်းက်ိုမကြေနပ်သမျှဒေါသတွေအားလုံးကိုထယ်ယောင်းက ဂျွန့်အပေါ် ပုံချသည် မတရားတာသိပေမဲ့လဲ ဒီနည်းလမ်းက ဂျွန်ဆိုယွန်းအတွက်အထိရောက်ဆုံးဖြစ်နေတာမို့ သူလုပ်မှကိုဖြစ်မည် ထိုမိန်းမက သူ့ကိုဓားမဲ့ထိုးရင်တောင် ဘားမှမဖြစ်ပေမဲ့ သူ့သားကိုနည်းနည်းလေးထိခိုက်တာနဲ့ အသဲခိုက်အောင်နာတတ်တဲ့ လူမျိုးလေ
ဒီတော့ ဂျွန်ဂျောင်ဂု စိတ်ဆင်းရဲနေသ၍ ဂျွန်ဆိုယွန်းဘယ်တော့မှ ပျော်နိုင်မှာမဟုတ်ဘူး
ထယ်ယောင်းဟာ အခုဆိုနေ့တိုင်းလိိုလို ဂျွန်နဲ့ ပြသနာတွေဖြစ်တတ်ပြီး နေ့စဥ်နဲ့အမျှ ဂျွန့်ကိုအပစ်ရှာကာ ဆူပူကြိမ်းမောင်းသည် ဒါတွေကို ဂျွန်ဆိုယွန်းက မခံဘဲ လာပြောပေမဲ့လဲ ဂျွန်က ပြန်တောင်းပန်ပြီး လွှတ်တဲ့အခါကျရင် သူလဲ ဘားမှဝင်မပြောနိုင်တော့ဘဲ ပြန်သွားရသည်လေ
ဟက် ဂျွန်ဆိုယွန်းက သူ့သား ကျွန်တော့်ကိုစိတ်ကုန်မဲ့နေ့ကိုစောင့်နေပေမဲ့ ဂျွန်က ကျွန်တော့်ကိုဘယ်တော့မှစိတ်ကုန်မှာမဟုတ်တာ သိနေတော့ ထယ်ယောင်း လုပ်ချင်တိုင်းကိုလုပ်နေတော့တာပေါ့
ဒီနေ့လဲ ကုမ္ပဏီကပြန်တဲ့အခါ အိမ်ရောက်ရင် ဘယ်လိုပြသနာရှာရမလဲ ထယ်ယောင်းစဥ်းစားနေမိသည် ဒီနေ့ ပြသနာကို အရင်နေ့တွေထက် ပိုရှာရမယ် ဘာလို့ဆို နေ့လည်က သူ့ကို ဂျွန်ဆိုယွန်းပြထားတဲ့အကွပ်က သေးသေးလေးမှမဟုတ်တာ
ကုမ္ပဏီရှေ့ နေပူကြဲတဲကြီးထဲမှာ လက်ကမ်းစာစောင်ဝေခိုင်းထားတာလေ ဒီတော့ ကျွန်တော်ပူလောင်တာထက် ခင်များပိုပူလောင်အောင် လုပ်ပြမယ် စောင့်နေလိုက် ဂျွန်ဆိုယွန်း
YOU ARE READING
The Bodyguard(Complete)
Fanfictiontae: ငါ့ညီလေးရဲ့သေဆုံးမှုအတွက် မင်းတို့သေချာပေါက်ပြန်ပေးဆပ်ရမယ် ငါ့ဆီကတန်ဖိုအကြီးဆုံးအရာဖြစ်တဲ့ ငါ့ညီလေးကိုလုယူခဲ့တဲ့အတွက် ခင်များတန်ဖိုးထားတဲ့ ခင်များရဲ့သားကိုလဲ ကျွန်တော်မရရအောင်ပြန်လုယူပြမယ် jk: ဘာလို့လဲ ဘာလို့ကျွန်တော့်ကိုအခုလိုလုပ်ရတာလဲ ကျွန...