ep 27

151 27 30
                                    

ဝုန်းးး  ဒုန်းးးး  ခွမ်း   

       ဆိုယွန်း အလုပ်တွေပြီးတာနဲ့ သားကြိုက်တတ်တဲ့ ချောကလပ်ကိတ်လေးနဲ့ banana milk လေးဝင်ဝယ်ကာ ဆေးရုံကိုပြန်လာခဲ့ပေမဲ့ ဆေးရုံရောက်တော့ သားကိုစောင့်မို့ထားခဲ့တဲ့ bodyguard က မျက်နှာတစ်ခုလုံးဖူးယောင်ပြီးဆေးကုသမှုခံယူနေရပြီး  သားငယ်ကတော့ဆေးရုံခန်းထဲရှိမနေတော့ပါ

      ဘာဖြစ်တာလဲ အကြောင်းဆုံမေးတော့ ကင်မ်ထယ်ယောင်းက သူ့ကိုထိုးကြိတ်ပြီး သားငယ်ကိုခေါ်သွားတာတဲ့

   ဒါကြောင့် ထိန်းမရတော့တဲ့ဒေါသတွေက်ို အနားမှာရှိနေတဲ့ပစ္စည်းတွေရိုက်ခွဲရင်းဒေါသဖြေ​နေမိသည်

gm: စိတ်ထိန်းပါအုံး ဆိုယွန်းရယ်

jsy: မထိန်းနိုင်ဘူးအဖွား    ကျွန်မသားလေး   ကျွန်မသားလေးကို အဲ့ကောင်လက်ထဲထည့်ပေးလိုက်လ်ို့မဖြစ်ဘူး    အဖွားရဲ့     အဖွားဒီမှာရှိနေရဲ့သားနဲ့ ဂျွန်ငယ့်ကိုဘာလို့မတားရတာလဲ

gm: စိတ်လျော့ပါဆိုယွန်းရယ် ဂျွန်ငယ်က အရွယ်ရောက်နေပါပြီ အကောင်းအဆိုးလဲခွဲခြားတတ်နေပြီမို့ နင်အက်လောက်ထိစိတ်ပူစရာမလိုပါဘူး  ပြီးတော့အခုလိုတွေဖြစ်ရတာကလဲ အားလုံးနင့်ကြောင့်ဘဲ နင်သာကလေးကို မချုပ်ချယ်ခဲ့ရင်အခုလိုတွေဖြစ်လာစရာမကြောင်းကိုမရှိဘူး

jsy: အိူး   အခုအဖွားက ကျွန်မကိုအပစ်လာတင်နေတာလား  ကျွန်မကသားကိုချုပ်ချယ်တာမဟုတ်ဘူး မဖြစ်သင့်တာ မဖြစ်ရအောင်ထိန်းကြောင်းတာ   ဒါကို အဲ့ကလေးက နားမလည်တာ  အခုလဲဟိုကောင်က ကျွန်မကိုအညှိုးထားပြီး လက်စားချေချင်လို့ သူ့ကိုခေါ်သွားတာအဖွားရဲ့ အဲ့ကောင်ထယ်ယောင်းကသားငယ်ကိုတကယ်ချစ်တာမဟုတ်ဘူး

gm: ဟေ  ဒါပေမဲ့ ဂျွန်ငယ်လေးပြောတာတော​့ အခုကောင်လေးက ထယ်ယောင်းမဟုတ်ဘူးဆို  ပြီးတော့ကောင်လေးပုံစံကြည့်ရတာ ဂျွန်ငယ့်ကိုတကယ်ချစ်တဲ့ပုံလေးပါအေ

jsy: ဟာ    အဲ့ဒါတွေအဖွားမသိပါဘူး  မဖြစ်ဘူး ဂျွန်ငယ့်ကိုအမြန်ဆုံးပြန်ရှာမှဖြစ်မယ် ကျွန်မသားလေးကို ဟိုကောင်တစ်ခုခုလုပ်လိုက်မှဖြင့် ကျွန်မရင်ကျိုးရကြည်ရဲ့

The Bodyguard(Complete) Where stories live. Discover now