ep 3

383 35 24
                                    

ထယ်ယောင်းဆေးရုံကပြန်ရောက်တာနဲ့ သူ့အိမ်မှာရှိတဲ့ ဂျွန်ဆိုယွန်းနဲ့ ဂျွန်ဂျောင်ဂုတို့ကိုနောက်ယောင်ခံလိုက်ပြီး ရိုက်ထားတဲ့ပုံတွေ သတင်းတွေကို အားလုံးလက်စဖျောက်ကာ မီးရှို့ပစ်လိုက်သည် ပြီးတော့ဂျောင်ဂုကိုလုပ်ကြံတုန်းကအသုံးပြုခဲ့တဲ့ သေနတ်ကိုလဲ အိမ်နောက်ဘက်နားကမြစ်ထဲမျောလိုက်သည်

     ပြီးမှလိုအပ်တဲ့ပစ္စည်းတစ်ချို့နဲ့အဝတ်စားအနည်းငယ်ထည့်ကာ ခရီးဆောင်အိတ်လေးကိုအဆင်သင့်ပြင်ထားလိုက်ပြီး ကုတင်ပေါ်မှာလှဲကာ အိပ်ဆက်အနားယူလိုက်သည်





    တီးးးးးးးး တီးးးးးးးးး တီးးးး

    အိမ်ရှေ့ကနေလူခေါ်ဘဲလ်သံအဆက်မပျက်ထွက်လာတာကြောင့် ထယ်ယောင်းအိပ်နေယာကနေနိုးသွားပြီး တံခါးသွားဖွင့်ကြည့်တော့ ဂျွန်ဆိုယွန်းရဲ့ညာလက်ရုံးဖြစ်သူနဲ့တစ်ခြား bodyguard နှစ်ယောက်

bg: boss ကခေါ်ခိုင်းလိုက်လို့ပါ ကင်မ်ထယ်ယောင်းရှိ ကျွန်တော်တို့နဲ့အတူ ဂျွန်အိမ်တော်ကိုလိုက်ခဲ့ပေးပါ

tae: ကောင်းပီ ခဏစောင့်

   ထယ်ယောင်းလဲရေချိုးခန်းဝင်ကာ မျက်နှာသစ်လိုက်ပြီး အဆင်သင့်ပြင်ထားတဲ့ခရီးစောင်အိတ်ကိုဆွဲကာ ထွက်လာလိုက်သည်

      ၄၅ မိနစ်လောက် ကားမောင်းပြီးနောက်မှာတော့ ထယ်ယောင်းတို့ဟာ ဂျွန်အိမ်တော်သို့ရောက်ရှိလို့လာခဲ့လေပြီ ခြံဝကနေစလို့ အိမ်ရှေ့ပေါက်ဝရောက်တဲ့အထိ ခြံထဲမှာ bodyguard တွေကအပြည့်ပင် မရှိဘူးဆို အယောက် 50 လောက်ရှိပေလိမ့်မည် အားလုံးကလဲခေသူတွေမဟုတ် ထယ်ယောင်းလို နံပတ် ၁ စာရင်းဝင် မဟုတ်ရင်တောင် 1 to 10 ဝင်ကြတဲ့လူတွေကြည်းသာ

    ထယ်ယောင်းတို့ကားလေး အိမ်ပေါက်ဝမှာရပ်လိုက်တော့ ထယ်ယောင်းလဲကားပေါ်ကဆင်းကာ ဟိုလူတွေနောက်ကနေ အိမ်ထဲလိုက်ဝင်လိုက်သည် အိမ်ကြီးဟာ နန်းတော်ကြီးသဖွယ် ခမ်းနားလှပြီး ကြီးမားကျယ်ပြန့်လှသည် ကြမ်းခင်းမှာသုံးထားတဲ့ပါကေးဟာလဲပြောင်လက်နေပြီ မှန်သဖွယ် ကြည်လင်နေကာဖှုန်တစ်စက်မှရှိမနေ အိမ်ကြီးရဲ့အလည်မှာ မီးဆိုင်းအကြီးကြီးက လှပတင့်တည်စွာတည်ရှိနေပြီး အထပ်ပေါင်းများစွာကို သွယ်ဆက်ထားတဲ့လှေကားကြီးဟာလဲ လှပတင့်တယ်စွာတည်ရှိနေသည်

The Bodyguard(Complete) Where stories live. Discover now