1 U/Z

2.3K 43 1
                                    

uni

💗အပိုင်း ၁💗

"မောင်ရှိုင်းကို+မမြသင်းသူ

              တို့၏

မင်္ဂလာဧည့်ခံပွဲ"

မင်္ဂလာပွဲ လာ ဧည့်ပရိတ်သတ်များ စည်းကား သိုက်မြိုက်နေလေသည်။

ရှိုင်း နှင့် မြသင်း လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အပြုံးတွေ ဝေနေခဲ့လေသည်။

အချစ်များစွာဖြင့် လက်ထပ်ခဲ့ကြသည် သူတို့ အိမ်ထောင်ရေး အဆင်ပြေဖို့ မြသင်း မျှော်လင့်နေခဲ့လေသည်။

အဘယ်ကြောင့် ဆို ရှိုင်းက သူမ ထက် ၁၀ နှစ်ခန့်ငယ်လေသည်။

ရှိုင်းက ၂၅ နှစ်ဖြစ်ပြီး  မြသင်းက ၃၅ နှစ်ဖြစ်လေသည်။

အသက်အရွယ် ကွာခြားသော်လည်း ရှိုင်းက မြသင်းကို သိပ်ချစ်လေသည်။

မြသင်း စိတ်ထဲတွင်တော့ သူတို့  အိမ်ထောင်ရေးလေး သာယာဖြောင့်ဖြူး ဖို့သာ တွေးတောကာ မျှော်လင့်နေမိလေသည်။

                                  💗💗💗

"မောင် ဒီမှာ ထမင်းချိုင့် နဲ့ လွယ်အိတ်"

အလုပ်သွားဖို့ ပြင်ဆင်နေသော ရှိုင်းကို လွယ်အိတ်နှင့် ထမင်းချိုင့် ကမ်းပေးလိုက်သူက မြသင်းဖြစ်လေသည်။

ရှိုင်း လွယ်အိတ်နှင့် ထမင်းချိုင့်ကို ယူလိုက်ပြီး သူမ ပါးလေးအား နမ်းလိုက်ပြီး

"မောင် စိတ်ချမယ်နော် မ"

မြသင်းပြုံးလိုက်ပြီး

"စိတ်ချပါ မောင်ရယ် မြသင်း ကလေး မဟုတ်တော့ပါဘူး "

"အဲ့ ကလေး မဟုတ်တာပဲ မောင်က စိတ်မချနိုင်ရတာ"

"သွားပါ အပိုတွေ"

ရှိုင်း ရယ်လိုက်ပြီး

"ပိုဘူး တကယ်ပြောတာ"

"ရှိုင်းကို ရေ သွားမယ်"

သူငယ်ချင်း ဖြစ်သူ ဇွဲနောင် အသံကြားမှ

"လာပြီ လာပြီ  သွားမယ်နော် မ"

မြသင်းကို လက်ပြနှုတ်ဆက်ပြီး ရှိုင်းတစ်ယောက် လွယ်အိတ်ကို ပခုံးစွန်းထက် လွယ်ကာ  ဇွဲနောင်နှင့်ထွက်သွားလေသည်။

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now