Uni
💕အပိုင်း ၁၃💕
ရှိုင်းဆေးရုံတက်နေသည့် ရက်များအတွင်း မြ လိုလေသင့်မရှိအောင် သူ့ကိုဂရုစိုက်ခဲ့လေသည်။
ရှိုင်း မမမြ ကိုပင် အားနာခဲ့ရသည့် အထိဖြစ်ခဲ့ရလေသည်။
ဂရုစိုက် ကြင်နာတတ်လွန်းသော မမမြကို သူ၏ မသိစိတ်ကပင် တိတ်တခိုး တွယ်တာ မိသည့်ကို သူ ဝန်ခံပါသည်။
"ရှိုင်းကို အိမ်ရာနိုးပြီလား ဒီနေ့ဆေးရုံဆင်းခွင့်ရမယ်ပြောတယ်"
ကုတင်ပေါ် ခြေတွဲလောင်း ထိုင်နေသော ရှိုင်း ကို မြ ပြောလိုက်ခြင်းဖြစ်သည်။
"ကျေးဇူးတင်ပါတယ် မမမြ"
"ရပါတယ် ကွာ မလိုပါဘူး "
"ဟို ကျွန်တော် တစ်ခုလောက်ခွင့်တောင်းချင်လို့"
မြ မျက်ခုံးကို ပင့်လိုက်ပြီး
"ပြောလေ "
"ဟို ကျွန်တော် ခွင့် ၁ပတ်လောက်ယူချင်လို့ပါ"
"အွန်း ဘာလို့လဲ"
"ကျွန်တော် ဂေဟာ ပြန်ချင်လို့ပါ မမ"
"အင်း ပြန်လေ ရပါတယ်"
"ဒါ ဒါပေမယ့် ပွဲရုံမှာ လူကနည်းနေတော့ ကျွန်တော်စိတ်ပူမိတယ်"
စိုးရိပ်သည့် မျက်နှာလေးဖြင့် ပြောနေသော သူ့ကို မြ ပြုံးပြလိုက်ပြီး
"ရပါတယ် အဲ့ဒါက ကိစ္စမရှိပါဘူး "
"ဟိုလေ ကိုသူရ"
ရှိုင်း မဝင့်မရဲ သူရ အမည်ကို ထပ်မံပြောလိုက်လေတော့ မြ မျက်ခုံးကို ကျုံ့လိုက်ပြီး
"ဘာလဲ မင်းက သူရ ကို ကြောက်နေတာလား"
"ကြောက်တာတော့ မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော် သူနဲ့ ပြသနာမဖြစ်ချင်လို့ပါ"
"သြော် ရှိုင်းရယ်"
မြ ရင်ထဲမှာ ရှိုင်းကို လွန်စွာ သနားဂရုဏာ သတ်မိလေသည်။
ဒီကောင်လေး ရဲ့ အပြစ်ကင်းစင်သော အပြုံးလေးတွေကလဲ သူမ ရင်ထဲမှာ တဖြည်းဖြည်း ငြိတွယ်လာရသည့်ကို မြသင်း သိရှိလာသော်လည်း န။
💕💕💕
YOU ARE READING
ကျွန်မပြုံးတတ်ခဲ့ပြီ
Romanceမိန်းမတစ်ယောက် ကလေးမမွေးနိုင်တာ အပြစ်လားမောင် ဒါဆို မြအပေါ် ထားတဲ့ မောင့်အချစ်တွေ စစ်ခဲ့ရဲ့လား