11 U/Z

371 7 0
                                    

Uni

💕အပိုင်း ၁၁💕

ရှိုင်းကို ဟု ခေါ်သော လူငယ်တယောက်သည် မေတ္တာမွန် ပရဟိတဂေဟာမှ ကြီးပြင်းလာသည့် လူငယ်တစ်ယောက်ဖြစ်လေသည်။

ဘွဲ့ရပြီးသည့်နောက် မကွေးမြို့ပေါ်ရှိ ထွန်းတောက်မြိုင် ပွဲရုံတွင် စာရေးအဖြစ် အလုပ်ဝင်ခဲ့လေသည်။

ထိုပွဲရုံ ပိုင်ရှင်အမည်က ဒေါ်မေသတ်ဖြစ်လေသည်။

ဒေါ်မေသတ်တွင် မြသင်းသူ နှင့် သူရ ဆိုသော မြေးနှစ်ယောက်ရှိလေသည်။

ထို နှစ်ဦးတွင် မြသင်းသူ က သူ အပေါ် ဖော်ရွှေ့သော်လည်း သူရ ၏ သူ အပေါ် ဆက်ဆံ ပုံက အထက်ဆီး ဆန်လှလေသည်။

"ရှိုင်းကို ရှိုင်းကို ဘယ်နားသွားသေ နေလဲ မင်း "

"ဗျာ လာပါပြီ အစ်ကိုလေး "

ရှိုင်းကို သူရ ထံသို့ အပြေးလေး ပြေးလာခဲ့လေသည်။

"မင်းက ပွဲရုံမှာ ညအိပ်တာ ဆိုတော့ ပဲ အိတ် ၅၀ မင်း ပွဲရုံထဲ ထမ်းသွင်းထားကွာ အဲ့ ၅၀ အထဲ ရောက်မှ မင်းနား မလုပ်လို့ကတော့ မင်း လစာထဲက ဖြတ်မှာနော်"

"ဟုတ် ဟုတ်ကဲ့ပါ"

သူရ ရှိုင်းကို ညဘက် ပါ မနားတမ်းအလုပ်ခိုင်းတတ်သည့်က ထုံးစံတစ်ခုပင် ဖြစ်နေလေသည်။

သူတစ်ပါးတွေ သူ့အပေါ် အထက်ဆီးဆန်ဆန် ဆက်ဆံလေတိုင်း ရှိုင်း ကိုယ်ဘဝ ကိုယ့်ပြန်တွေးမိပြီး မိဘမဲ့ ဖြစ်ခြင်းကိုပင် ကိုယ့်ကိုယ်ကို အပြစ်တင်မိလေသည်။
💕💕💕

မြ ပွဲရုံထဲ ကားဝင်လိုက်ကတည်းက ပွဲရုံ အရှေ့က ပဲအိတ်တွေ ထမ်းနေသော ရှိိုင်း ကို မြင်လိုက်ရလေသည်။

"ရှိုင်းကို မင်း ဒါ ဘာလုပ်နေတာလဲ ဒါ မင်းအလုပ်မဟုတ်ဘူးလေ "

ရှိုင်း ပဲ အိတ်ကို ပခုံးပေါ် ထမ်းတင်မည် ပြင်စဥ် မမမြ ၏ အသံကြောင့် လှည့်ကြည့်လိုက်ပြီး

"မမမြ ဒီကို ဒီကို ဘာလာလုပ်တာလဲ ဟင် ည ကြီး အချိန်မတော်"

ရှိုင်း ပဲအိတ် ကို ပြချရင်း မေးလာတော့

"မင်းကို ဒီပဲအိတ်တွေ ဘယ်သူ ရွေ့ခိုင်းတာလဲ ဒါ မင်းလုပ်ရမဲ့ အလုပ်မဟုတ်ဘူးလေ"

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now