Uni
"ကျွန်မပြုံးတတ်ခဲ့ပြီ"
💕အပိုင်း ၅💕
အချိန်တွေရယ် ဘယ်လို အကုန်မြန်နေရသလဲနော်။
ကျွန်တော် ဘဝထဲက "မ" ထွက်သွားတာ အခုဆို ၈ လ ကျော်ခဲ့လေပြီ။
သူ နှင့် သဲငယ် ၏ အိမ်ထောင်ရေး ကလည်း ကြာလေ ပိုဆိုးလာခဲ့လေသည်။
သူသိလိုက်တာ တစ်ခုက သူ့အပေါ်တွင်
တန်ဖိုးထား မြတ်နိုးသော မိန်းမ တစ်ယောက်ရဲ့ အချစ်ကို တန်ဖိုးမထားမိလေတော့ အချစ်စစ် နှင့် သူဝေးခဲ့ရလေသည့်ကို ကောင်းကောင်း နားလည်ခဲ့ရလေသည်။အချ်ိန်တွေသာနောက်ပြန်လှည့်လို့ ရရင် ကျွန်တော် ပြန်လှည့်ချင်ပါသည်။
အတိတ်တွေသာ ပြန်ရောက်ခဲ့လေလျှင် ကျွန်တော် "မ" နှင့်သာ အေးတူ ပူအမျှဘဝ ကို ရိုးရှင်းစွာ ဖြတ်သန်းခဲ့မိမှာ အမှန်ဖြစ်သည်။
"လွမ်းတယ် "မ"ရယ် မလိမ္မာ တစ်ခါမိုက်ခဲ့တဲ့ မောင် ကို "မ" ခွင့်လွှတ်နိုင်ပါမလား"
ရှိုင်း ရင်ထဲမှာတော့ နောင်တတွေ တစ်ပွေ့တစ်ပိုက်ဖြင့်သာ အသက်ရှင်ခဲ့ရသည့် နေ့တွေလည်း အတော်ကို များခဲ့လေပြီဖြစ်သည်။
ဒီနေ့ အိမ်အပြန်လမ်းက သူ့ ဘဝကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေမည် ကို သူ သိခဲ့မည် ဆိုလျှင်~~~~။
အိမ်ရှေ့ရောက်တော့ အိမ် တံခါးက ပွင့်နေသည့်ကို သူ့ သတိထားလိုက်မိလေသည်။
သဲငယ် ဒီနေ့ သူမိဘ အိမ်သွားမည် ဟု ပြောပြီး အခု အိမ် ပြန်ရောက်နေတာလား။
သူ သိချင်စိတ်ဖြင့် အိမ်ထဲ ဝင်လာလေတော့ ဖိနပ်ချွတ်တွင် တွေ့လိုက်ရသည့်က သဲငယ် ဖိနပ်နှင့်အတူ အမျိုးသားစီး တစ်ရံ ဖြစ်နေလေသည်။
သူ သိချင်စိတ်ကို ထိန်းမရလေဘဲ အိမ်ထဲသို့ ဝင်ခဲ့လေတော့
"တောက်!"
ပြင်းထန်စွာ တောက်တစ်ချက်ကို ခက်ရင်း
"ဒါက ဘယ်လိုဖြစ်နေကြတာလဲ "
မှန်သည်။
သဲငယ် နှင့် အမျိုးသား တစ်ဦး ခန္ဓာကိုယ် မှာ အဝတ်အစားများ မဲ့လျှက် ဖြစ်ချင်တိုင်း ဖြစ်နေသည့် ပုံရိပ်များ ဖြစ်သည်။
YOU ARE READING
ကျွန်မပြုံးတတ်ခဲ့ပြီ
Romanceမိန်းမတစ်ယောက် ကလေးမမွေးနိုင်တာ အပြစ်လားမောင် ဒါဆို မြအပေါ် ထားတဲ့ မောင့်အချစ်တွေ စစ်ခဲ့ရဲ့လား