Uni
💕အပိုင်း ၁၂💕
ဂိုဒေါင် တံခါးပိတ်သံနှင့် အတူ ရှိုင်းတစ်ယောက် အမှောင်ကမ္ဘာမှာ တစ်ယောက်ထဲ ဖြတ်သန်းနေရလေသည်။
ညနက်လေလေ သူသတိမရလာလေ ဖြစ်လာလေသည်။
မိုးသောက်အလင်းသာ ရောက်ခဲ့သည် ရှိုင်းကတော့ သတိရမလာသလို ရှိုင်းကို ဂိုဒေါင်အတွင်းမှ လာခေါ်ထုတ်သူ မည်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
မြ ပွဲရုံ ရောက်တော့ ရှိုင်းကို မတွေ့သဖြင့်
"ဦးဇော် ရှိုင်းကို ရော မြမတွေ့မိလို့"
ဦးဇော် ဆိုတာ ပွဲရုံ မန်နေဂျာ တစ်ဦးဖြစ်လေသည်။
"အေး ဟုတ်တယ် မနေ့ကတည်းက ဦးဇော် မတွေ့တာ မြရဲ့ အခုလဲ မတွေ့မိသေးဘူး"
"ဦးဇော် ဦးဇော်"
ဝရုနသုန်းကား အမောတဇော ပြေးလာသူက တိုးအောင်ဖြစ်လေသည်။
"တိုးအောင် ဘာဖြစ်လို့လဲ "
ဦးဇော်က မေးလိုက်သဖြင့် တိုးအောင် မှာ အမောတဇော
"ဟို ဟို ကိုရှိုင်းကို ဂိုဒေါင်ထဲမှာ သွေးတွေနဲ့ သတိလစ်နေတယ်"
"ဘယ်လို"
ဦးဇော် နှင့် မြ ပြာပြာသလဲပင် ဂိုဒေါင် ဘက်ထွက်ခဲ့လိုက်လေသည်။
"ရှိုင်းကို"
သမံတလင်းပေါ် လဲကျနေသော ရှိုင်း ကို မြင်တော့ မြ မျက်ဝန်းတွေ ဝိုင်းစက်သွားလေတော့သည် ။
ရှိုင်း အား ပွေ့လိုက်တော့ တစ်ကိုယ်လုံး တောင့်တင်း အေးစက်နေလေသည်။
နဖူးက သွေးတွေကလဲ ခြောက်နေလေပြီ။ ဘယ်အချိန်ကတည်းက သတိလစ်နေသည့် မသိ။ သူ့ကို အခုလိုမြင်ရပြန်တော့ မြ စိတ်နှလုံး မအေးချမ်းနိုင် ဖြစ်ရပြန်ပါသည်။"ဘယ်လို ဖြစ်တာလဲ ဦးဇော်"
ဦးဇော် ခဏမျှ စဥ်းစားလိုက်ပြီး
"မနေ့က ကိုသူရ ဂိုဒေါင်ဘက်လာတယ် ပြီးတော့ ရှိုင်းကို ကို ခေါ်ခိုင်းလို့ ဂိုဒေါင်ဘက်လွှတ်လိုက်တာ အဲ့နောက်ပိုင်းထဲက ရှိုင်းကို ကို မတွေ့ရတော့တာပဲ"
YOU ARE READING
ကျွန်မပြုံးတတ်ခဲ့ပြီ
Romanceမိန်းမတစ်ယောက် ကလေးမမွေးနိုင်တာ အပြစ်လားမောင် ဒါဆို မြအပေါ် ထားတဲ့ မောင့်အချစ်တွေ စစ်ခဲ့ရဲ့လား