19 U/Z

568 3 0
                                    

Uni

💕အပိုင်း ၁၉💕

အတိတ်တွေ အတွေးလွှင့်ရင်း ညအတော်နက်သည့် အထိ ရှိုင်း အိပ်၍ မပျော်ခဲ့ပေ။

သက်ပြင်းရှည် တစ်ခုကို ရှိုက်ရင်း ရေတစ်ခွက်ကို မော့သောက်ပစ်လိုက်ပြီး နာရီကို ကြည့်တော့ ၂ နာရီတောင် ထိုးနေလေပါပြီ။

မနက် ကျောင်းတက်ရဦးမှာမို့ မအိပ်ချင်သေးသည့် မျက်ဝန်းများကို ဇွတ်မှိတ်ကာ အိပ်လိုက်မိလေသည်။

အတွေးတွေ အသိတွေ အိပ်မက်ထဲတွေ အထိ အတိတ်တွေက သူကို ခြောက်လန့်နေလေသည်။

အရာရာ အားလုံးကို အသစ်က ပြန်စခွင့် ရလျှင် ပြန်စချင်ပါသည်။

မမ နှင့် သာယာသော အိမ်ထောင်ရေးကို တည်ဆောက်ချင်ပါသေးသည်။

သို့သော်လည်း သူရဲ့ သစ္စာမဲ့မှုများက သူကို နေ့ နေ့ညည ခြောက်လှန့်ခဲ့နေခဲ့ပြီ ဖြစ်သည်။
                          💕💕💕

မြ တစ်ယောက်  အဘွားနာရေးကြောင့် မကွေး သို့ ခေတ္တ ခဏ ပြန်လာကာ သားကိုတော့ သီတာနှင့် အပ်ခဲ့ရလေသည်။

သူရကိုလည်း ပိုင်ဆိုင်မှုတွေထဲမှ သုံးပုံ တစ်ပုံ ခွဲဝေပေးခဲ့ပြီး အမွေကိစ္စများကို အပြတ်ရှင်းခဲ့လေသည်။

သူရ ကတော့ သိပ်ကျေနပ်ပုံ မရပေ။

အေးလေ သူက အဘွားဒေါ်မေသတ်ရဲ့ ​မြေးအရင်းပဲလေ။

သူ  ရသင့်သလောက်ကိုပဲ မြ ပေးနိုင်မည် ဒီထက်ပို၍ တော့ မြ မပေးနိုင်တော့ပေ။

မြ အဖြစ်မှန်တွေ သိခဲ့တာကြာပါပြီ။

တရားဥပဒေ လက်အပ်ရအောင်လည်း မြ အဘွားအပေါ် မရက်စက်နိုင်သည့် စိတ်ကြောင့် ရေငုံနှုတ်ပိတ်နေခဲ့သည့်မှာ အတော်ကြာခဲ့လေပြီ။

မြ ရဲ့ အဘိုးကို အဘွား အဆိပ်ခက်သတ်လိုက်တာရယ် မြ မိဘတွေ  ကားမှောက်သေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ဘဲ အဘွားရဲ့ လုပ်ကြံမှု ဆိုတာ အားလုံးသိထားသော်လည်း မြ အဘွားကို ချစ်သည်။ ထိုကြောင့်လဲ အဘွား နောက်ဆုံးအချိန်ထိ မြ မသိသလို နေပေးခဲ့ခြင်းဖြစ်လေသည်။

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now