20(End) U/Z

1.5K 14 0
                                    

Uni

💕အပိုင်း ၂၀(ဇာတ်သိမ်း)💕

မြ  တစ်ယောက် ရှိုင်း ပြောသည့် စကားလုံးတွေကို နားထဲပြန်ကြားယောင်ရင်း သားအတွက် အကောင်းဆုံး ပညာရေးတစ်ခု ဖန်တီးပေးရန် သူမ ဆုံးဖြတ်ချက်ချမိလေသည်။

သူမ မှာ ဒီသားတစ်ယောက်ပဲ ရှိသည်။
သူမ ဘဝရဲ့ အရာရာအားလုံးက သားအတွက်သာ  ဖြစ်သည်။

ထိုကြောင့်လဲ သားကိုချစ်သည့် မိခင် တစ်ယောက်အနေနှင့် သားအတွက် ဦးစားပေးစဥ်းစားစရာ အကြောင်းအရာတွေက များစွာ ရှိနေရပြန်ပါသည်။

ဟုတ်သည် ဒီနှစ် စာသင်နှစ်ပြီးလျှင်တော့ သားကို ကျောင်းပြောင်းရမည်။ ထိုမှသာ သားအတွက် ပညာရေး ပန်းတိုင် တစ်ခုက အဆင်ပြေချော့မွေ့လေမည်။

သူမ လည်း ရန်ကုန် မှာ အခြေချရမည် ။

မကွေးက တိုက်နှင့် ခြံကိုလည်း သူမ ရောင်းရန် စီစဥ်ထားပြီ ဖြစ်သည်။

ထိုကြောင့် သူမ မော်လမြိုင်က ပြောင်းရန် အသင့်အနေအထား ဖြစ်နေမှ ဖြစ်မည်။

သူမ အတွေးစတစ်ချို့နှင့် အတူ သူမမျက်နှာမှာတော့ အပြုံးရိပ် တစ်ချို့ စွန်းထင်ကုန်လေသည်

သူမ၏ အကြံက သားနှင့် ရှိုင်းကိုလည်း ဝေး။ သားအတွက်လည်း ပညာရေး အတွက် အဆင်ပြေ  တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်သည်။

"မမ သေချာစဥ်းစားပြီးပြီလား"

သီတာ မမထံမှ စကားလုံးများကိုကြားပြီး မယုံကြည်ခြင်းများစွာဖြင့် မေးခွန်းထုတ်လိုက်မိလေသည်။ မြလည်း သီတာ အမေး​စကားကြောင့် မပီမပြင် ပြုံးလိုက်ပြီး

"အင်း "

"မမရယ်"

သီတာ မမကို အားမလို အားမရဖြစ်မိတာ အမှန်ဖြစ်သည်။

ရှိုင်းကို မှာ အပြစ်ရှိတာ မှန်သော်လည်း သားသားကို မိသားစုလေး သိုက်သိုက်ဝန်းဝန်း ရှိစေချင်လေသည်။

သို့သော် မမက ပြောရင် ပြောသည့် အတိုင်း လုပ်တတ်သူမို့ သီတာ ဘာတစ်ခုမှ စောဒဂ မတက်ရဲခဲ့ပေ။

မမရဲ့ ဆုံးဖြတ်ချက်ကို မလွန်ဆန်ဝံ့သူ ပီပီ သီတာ သက်မနွေးနွေးကို ရှိုက်လျှက်သာ မမ ကို ငေးကြည့်နေမိလေတော့သည်။
                        💕💕💕

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now