Uni
"ကျွန်မပြုံးတတ်ခဲ့ပြီ"
💕အပိုင်း ၆💕
ရှိုင်းကို မော်လမြိုင်ကို တာဝန်ဖြင့် ရောက်ခဲ့လေသည်။
သူ အလုပ်က မော်လမြိုင် (အ•ထ•က) ကျောင်းမှာ မူလတန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ရန်ဖြစ်သည်။
ဟုတ်ပါသည်။ သူ သဲငယ် နှင့် ကွာရှင်းပြီးကတည်းက ကျောင်းဆရာ အလုပ်ကို ဝင်လုပ်ခဲ့ခြင်းဖြစ်သည်။
ဘဝမှာ တစ်ခါမှားပြီးသော အမှားက သေရာပါ အမှတ်အသား တစ်ခုလိုဖြစ်နေခဲ့သည့်ကို သူ့သာ သိလေသည်။
ထို ဒဏ်ရာက သူ့နှလုံးသားမှာ နာကျင်နေရမြဲ နာကျင်နေရဆဲဖြစ်သည်။
အခုဆို သူမ ဘယ်များရောက်နေပြီလဲဟု ခဏခဏ ငေးမောတွေးတောရတာလဲ နေ့တွေ ရက်တွေ များခဲ့လေပြီ ဖြစ်သည်။
"ဆရာကြီး ကျွန်တော်ဝင်ခဲ့မယ်နော်"
ကျောင်းအုပ် ဆရာကြီးက သူကို လှည့်ကြည့်လိုက်ပြီး
"ဝင်ခဲ့လေ အော် ဆရာ ရှိုင်းကိုလား "
"ဟုတ်ကဲ့ပါခင်ဗျာ"
"ဝင်ခဲ့ဆရာ ကျွန်တော်က ဆရာမှန်း မသိလို့ပါ "
ရှိုင်းကို ကျောင်းအုပ်ဆရာကြီး ရုံးခန်းထဲသို့ဝင်လာခဲ့လိုက်ပြီး
"ရပါတယ် ဆရာကြီး ကျွန်တော်ကို ဆရာ မခေါ်ပါနဲ့ ရှိုင်းကိုပဲ ခေါ်ပါ"
ကျောင်းအုပ်ဆရာကြီး ဦးထွန်းအုပ်က သူကိုလက်ကမ်းလိုက်ပြီး
"တွေ့ရတာဝမ်းသာပါတယ် ကိုရှိုင်းကို ကိုရှိုင်းကို က ပထမတန်းကို တာဝန်ယူရပါမယ် တစ်ခုတော့ ကျွန်တော် ကြိုတောင်းပန်ထားချင်တယ် ကိုရှိုင်းကို"
ရှိုင်းကို မျက်ခုံးကို ပင့်လိုက်ပြီး
"ဘာများလဲ ဆရာကြီး"
"အော် အထွေးအထူးတော့ မဟုတ်ပါဘူး ပထမတန်းက ရှိုင်းမြတ်မင်း ဆိုတဲ့ ကလေးကြောင့်ပါ"
"ဟုတ် ပြောပါ"
"ဒီကလေးက မဟုတ်မခံဗျ ပြီးတော့ ဖတဆိုး ဆိုတော့ အနည်းငယ် ဆိုးတာလဲ ပါတာပေါ့ ထစ်ခနဲ့ဆို ရန်ဖြစ်တတ်တော့ ကိုရှိုင်းကို ကို ကြိုတင်တောင်းပန်ချင်တာက ဒီကလေးကို စိတ်ရှည်ပေးစေချင်တယ်"
YOU ARE READING
ကျွန်မပြုံးတတ်ခဲ့ပြီ
Romanceမိန်းမတစ်ယောက် ကလေးမမွေးနိုင်တာ အပြစ်လားမောင် ဒါဆို မြအပေါ် ထားတဲ့ မောင့်အချစ်တွေ စစ်ခဲ့ရဲ့လား