2 U/Z

874 13 0
                                    

Uni

"ကျွန်မပြုံးတတ်ခဲ့ပြီ"

💕အပိုင်း ၂💕

မြသင်း နှင့် ရှိုင်း အိမ်ထောင်သက်တမ်း ၃လပင်ပြည့်ခဲ့ပါပြီ။

တစ်ယောက်နှင့် တစ်ယောက် နားလည်မှုတွေနှင့် တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမို့
ပျော်ရွှင်ကြည်နူးမှုများ အပြည့်ဖြစ်ခဲ့လေသည်။

"မောင် အေးနေပြီ အိမ်ထဲဝင်တော့"

အိမ်ရှေ့ ဒန်းလေးပေါ် ထိုင်ရင်း ဂစ်တာတီး နေသော မောင် အနားကို မြသင်း လျှောက်လာရင်းပြောမိလေသည်။

ရှိုင်း မြသင်းလက်ကို ဆွဲကာ သူ အနားတွင် ထိုင်စေလိုက်ပြီး

"မ" မောင် အတွက် ကလေး လေး တစ်ယောက်လောက်မွေးပေးပါလား"

"ဟင်"

မောင် စကားကြောင့် မြသင်း ကြောင်ငေးသွားရလေသည်။

မှန်သည်

မြသင်း သည် မောင် လိုချင်သော မောင် ရင်သွေးလေးကို မွေးဖွားပေးနိုင်တော့မည် မဟုတ်ပေ။

အဘယ်ကြောင့် ဆိုသော မြသင်းရဲ့ သားအိမ်က သန္ဓေသား  တစ်ဦး ဖြစ်တည်ဖို့ မလွယ်ကူနိုင်ခဲ့ပေ။

အမှန်တိုင်း ပြောရမည်ဆိုလျှင် မြသင်း၏ ချစ်သူ  ကိုထိုက်သူ နှင့် လက်ထပ်မည်ဆဲဆဲ လမ်းခွဲခဲ့ကြသည်ကလည်း ထိုကလေး မရနိုင်သော ကိစ္စ ကြောင့်ဖြစ်သည်။

မြသင်း မျက်ရည်တွေ ဝဲလာရကာ

"လာ မောင် မြသင်း နဲ့ လိုက်ခဲ့"

မြသင်း မောင် လက်ကို ဆွဲခေါ်လာပြီး အခန်းထဲ ဝင်လာခဲ့လေသည်။

အခန်းထဲ ရောက်တော့ မြသင်း သိမ်းထားသော ဆေးစာရွက် တစ်ချို့ ထုတ်ပြလိုက်လေသည်။

ရှိုင်း ဆေးစစ်ချက်တွေကို ကြည့်ပြီး

"မ" ဒါတွေက  "

ရှိုင်း အံ့သြစွာဖြင့် သူမကို မယုံကြည် နိုင်သဖွယ် ကြည့်ရင်း မေးလိုက်လေရာ  မြသင်း မျက်ရည်များ ကြားက ခေါင်းညိမ့်ပြလိုက်ပြီး

"ဟုတ်ပါတယ် မောင် မြသင်း အနေနဲ့ မောင်ရင်သွေး ကို ဝမ်းနဲ့ လွယ်ပြီး မွေးဖွားပေးနိုင်တဲ့ မိခင် မဟုတ်ဘူး ဆိုတာပါပဲ မောင်"

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now