3 U/Z

878 25 2
                                    

Uni

"ကျွန်မပြုံးတတ်ခဲ့ပြီ"

💕အပိုင်း ၃💕

မှောင်ရီပျိုးစ အချိန်ရောက်သည့် အထိ မောင့် အိမ်ပြန်မလာခဲ့ပေ။ နွေးထွေးမှုတွေ ပျောက်ဆုံးသွားသော မောင့်ထံမှ နွေးထွေးမှုတွေကို အရမ်းလိုအပ်ခဲ့သည့် သူမက ရူးသွပ်ခဲ့တာလား။

လမ်းဘေးမီးတိုင်တွေ ထိန်လင်းပြီး ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည့် အထိ မောင့်၏ အရိပ်အယောင်ကို မတွေ့ရပေ။

သေချာပြင်ဆင်ချက်ပြုတ်ထားသော ထမင်းဝိုင်းလေးဆီ အကြည့်တို့ ရောက်သွားလေတော့ မျက်ရည်စတွေက မျက်ဝန်းအိမ်မှာ ဝေ့သီလာခဲ့ရလေသည်။

"မောင် အိမ်ပြန်နောက်ကျလိုက်တာနော်"

မြသင်း မောင် ပြန်လာရာ လမ်းကလေးကို မျော်ရင်း မောင် အတွက် စိုးရိမ်နေမိလေသည်။

မြသင်း မောင်အတွက်ပြင်ထားသော ထမင်းဝိုင်းလေးတောင် အေးစက်နေခဲ့လေပြီ။

ထိုညက ညနက်၍ မိုးသာ လင်းခဲ့သည် မောင် ကတော့ အိမ်ပြန်ရောက်မလာခဲ့ပေ။
                            💕💕💕

"ကိုကို သဲ ကို ချစ်လားဟင် "

ရှိုင်းကို သဲသဲ ရဲ့ ဆံနွယ်လေးတွေကို သပ်တင်ပေးရင်း

"ချစ်တာပေါ့ သဲရယ် ချစ်လို့ပဲ အမှားသင့်တဲ့ အမှားမျိုး မှားသွားတာ စိတ်ချပါ သဲလေး ကို ကိုကို လက်ထပ်မှာပါ"

သဲငယ် ကိုကို အင်္ကျီ ကြယ်စေ့လေးတွေကို ဆော့ကစားရင်း

"သဲ သိပါတယ် ကိုကို သဲ ကို ကိုကို ချစ်မှန်း ဒါနဲ့ ကိုကို မိန်းမ ကြီးကရော "

"ကျစ် သူကို ထည့်မပြောနေနဲ့ သူနဲ့ တရားဝင်ကွားရှင်ပြီးမှ သဲလေး နဲ့ လက်ထပ်မှာ"

ရှိုင်းကို  သဲငယ်ကို ယုယစွာထွေးပွေ့ ရင်းဆိုလိုက်တော့ သဲငယ် ကျေနပ်စွာ သူ ရင်ဖက်ကို နမ်းရှိုက်နေမိလေသည်။

စိတ်ကွယ်ရာ အရပ်တွင်တော့  အလိုရမ္မက်တစ်ခုရဲ့ နောက်ကို ရှိုင်းကို တစ်ယောက် လိုက်ရင်း လိုက်ရင်း ပျော်မွေ့နေခဲ့လေသည်။

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now