10 U/Z

550 11 0
                                    

Uni

"ကျွန်မပြုံးတတ်ခဲ့ပြီ"

💕အပိုင်း ၁၀💕

မြ ရင်တွေ မွန်းကျပ်ရှုပ်ထွေးနေရလေသည်။

မြ စိတ်ထဲမှာ သားကို သူနှင့် ရင်းနှီးသွားမှာ လိုလားမှု မရှိခဲ့ပါ။

အခုဆို သား ကျောင်းက ပြန်လာတိုင်း ဆရာ ဆိုပြီး ပြောပြတတ်သော သူ အကြောင်းတွေကို  မြ နားထောင် နိုင်စွမ်းမရှိခဲ့ပေ။

ဒါက ဘယ်လိုလဲ။ ရှိုင်းကို သူဘက်ပါအောင်ပင် သားကို စည်းရုံးနေတာလား ဟုပင် မြတွေးမိလေသည်။

မြ  ဒီနေ့ သားကျောင်းပိတ်ရက်မို့ သားကို ခေါ်ကာ သားစားချင်ရာလေးတွေ စျေးမှာ လာဝယ်ပေးဖြစ်ခဲ့လေသည်။

"မေမေ သား ပေါင်မုန့်ကြက်ဥကြော် စားချင်တယ်"

သား ထံမှ မထင်မှတ်ထားသော ပေါင်မုန့်ကြက်ဥ စားချင်သည့် ဟုသော စကားကြောင့် မြ မျက်ခုံးကို ပင့်လိုက်ပြီး

"သား အရင်က မကြိုက်ဘူးလေ အခုမှ ဘာလို့လဲ"

"ဟုတ်တယ် မေမေ  ရဲ့ ဆရာက ပြောတယ် သူက ပေါင်မုန့်ကြက်ဥ ကြိုက်တယ်တဲ့ အဲ့ဒါကြောင့် သား စားကြည့်ချင်လ်ို့"

"ဘာ  မစားရဘူး "

သူမ ဒေါသတကြီးအော်လိုက်တော့ သားက မျက်နှာငယ်လေးဖြင့်

"မေမေ မကြိုက်ရင် သားမစားတော့ပါဘူး"

မြ သက်ပြင်းကို ရှိုက်လိုက်ပြီး

"သားလေးရယ် မေမေ သားစားချင်တာ အကုန်ဝယ်ကျွေးမယ်နော် ဒါပေမယ့် သားဆရာ ကြိုက်တယ် ဆိုတဲ့ အရာတွေတော့ သားမစားရဘူးနော် ဖြစ်နိုင်ရင် မေမေ အရှေ့မှာ သားဆရာ အကြောင်း မပြောပါနဲ့လား သားရယ်"

"ဟုတ်ကဲ့ပါမေမေ"

သူမ ကို မျက်ရည်တွေ ဝဲပြီး ပြန်ပြောနေရှာသော သားကိုတော့ သူမ သနားမိသည်

ဖြစ်နိုင်ရင် သားကို သူနှင့် ဘယ်အရာမှမတူစေချင်ပါ။

မြ အတ္တကြီးသည် ဟု ဆိုချင်ဆိုပါစေ။ မြ မာနတစ်ခုကို လက်ကိုင်ထားပြီး အတ္တကြီးခွင့်ပြုပါ။

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now