Uni
💕အပိုင်း ၁၈💕
ထိုကနေ့က မြ မောင်ကို မျှော်နေမိသည်။
သို့ပေမယ့်လဲ မောင် အိမ်ပြန်ရောက်မလာခဲ့ပေ။
နောက်ဆုံး မြ စိတ်ကို အကောင်းဆုံး ပြင်ဆင်ပြီး မောင်ကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်မိပါပြီ
မြ မောင် ကို ချစ်ပါသည်။ သိုပေမယ့်လည်း မြ မောင့်ကို ချစ်ရသည့်မှာ ပင်ပန်းလွန်းခဲ့ပါပြီ။ မြ အချစ်တွေကို ဥပေက္ခာပြုလွန်းခဲ့သည့် မောင့်ကို မြ ကျောခိုင်းပါရစေ။
ပူမှန်းသိသည့် မီးထဲကို ပိုးဖလံငယ်လေး တစ်ကောင်လို ဝင်တိုးမိသည့် မြအချစ်တို့သည် မောင်၏ ဥပေက္ခာပြုခြင်းတွေမှာ ကုန်ဆုံး ပျောက်ကွယ် ကုန်ကြလေပြီ။
အချစ်စစ်နှင့် မထိုက်တန်သည့် လူတစ်ယောက်ရဲ့ အနားမှာ မြ မနေလိုတော့ပြီမို့ သူ
နှင့် ဝေးရာအရပ်သို့သာ မြ ခြေလှမ်းတွေ ပြန်လှည့်ခဲ့ပါပြီ။"နေရစ်ခဲ့ပါ မောင် မြ မရှိတဲ့ အရပ်မှာ နေသားကျအောင် နေခဲ့ပါ မြ အဝေးတစ်နေရာမှာ မောင်ကိုလွမ်းပါရစေ"
သူ နှင့် အဝေးကို ကျောခိုင်းထွက်သွားသော သူမ သူနှင့် အဝေးမှာတော့ နေသားကျမှာပါ ဟု မြ စိတ်ကိုဖြေတွေးရင်း~~~~~။
💕💕💕ရှိုင်း တစ်ယောက် မြ နှင့် ကွာရှင်းပြီး တစ်ပတ်အကြာတွင် သဲငယ် နှင့် တရားဝင် လက်ထပ်ခဲ့လေသည်။
သဲငယ်နှင့် သူ့အိမ်ထောင်ရေးက သာယာသဖွယ်ရှိခဲ့သော်လည်း ထင်မှတ်ထားသလိုတော့ သူတို့ နှစ်ဦးရဲ့ အိမ်ထောင်ရေးက မရိုးရှင်းခဲ့ပါ။ သဲငယ်၏ သူ့အပေါ်ဆက်ဆံပုံတွေက အေးစက် ပြတ်တောက်လွန်းသလို တစ်ယောက်နှင့် တစ်ယောက် တစ်စိမ်းပြင်ပြင်လူတွေ ဖြစ်လာခဲ့ကြလေသည်။
တစ်နေ့တွင်တော့ သူ့ အလုပ်က အပြန် သဲငယ် ကို သူရတို့ အိမ်သွားရာ လမ်းမှာ တွေ့ခဲ့သဖြင့် သူ့နောက်ယောင်ခံ လိုက်ခဲ့လေရာ တစ်နေရာ အရောက် သူမ သူရ ကားနှင့် အတူ ပါသွားသည့်ကို သိလိုက်ရလေသည်။
သူလည်း ရောက်သည့် နေရာမှ လှည့်ပြန်ကာ အိမ်ရောက်သည့် အထိ စိတ်တွေက သို့လော သို့လော တွေးတောမရအောင် ဖြစ်ခဲ့ရလေသည်။
YOU ARE READING
ကျွန်မပြုံးတတ်ခဲ့ပြီ
Romanceမိန်းမတစ်ယောက် ကလေးမမွေးနိုင်တာ အပြစ်လားမောင် ဒါဆို မြအပေါ် ထားတဲ့ မောင့်အချစ်တွေ စစ်ခဲ့ရဲ့လား