15 U/Z

372 3 0
                                    

Uni

💕အပိုင်း ၁၅💕

"ရှိုင်း မမမြ မင်းကို ခေါ်နေတယ်"

"ဟုတ်လား အေး ငါ့သွားလိုက်မယ်"

သူငယ်ချင်း ဖြစ်သူ ဇွဲပြည့် ရဲ့ စကားကြောင့် ရှိုင်း မမမြ ရှိရာ ထွက်ခဲ့လေသည်။

ဘယ်အချိန်ကြည့်ကြည့် မြန်မာဆန်ဆန် နှင့် ယဥ်သကို လှသူက မမမြရယ်ပါ။

မမမြ ရဲ့ လှုပ်ရှားမှုတိုင်းက သူရင်ကို လှုပ်ခက်စေခဲ့တာ သူသာ အသိဆုံး ဖြစ်သည်။

ဒါပေမယ့် မမှီသည့် ပန်း မနမ်းဝံ့သူမို့ သူ့ အဖြစ်က အလှကြည့်နေရန်သာ  သက်သက်သာဖြစ်လေသည်။

"မမမြ "

ရှိုင်း အသံကို ကြားမှ မြ  သူ့ကို လှမ်းကြည့်လိုက်ပြီး

"သြော် ရှိုင်းကို ရောက်လာပြီလား မင်း ငါ့နဲ့ မင်းဘူးဘက်ခဏ လိုက်ခဲ့ရမယ်"

"ဗျာ ကျွန်တော်"

မြ စကားကြောင့် အူတူတူ အတတ ပုံစံလေးလုပ်နေသော ကောင်လေးကြောင့် မြ ရယ်ချင်စိတ်ကို ထိန်းရင်း

"ဘာလဲမင်းက မလိုက်ချင်လို့လား "

"မဟုတ် မဟုတ်ပါဘူး လိုက်လိုက်ပါမယ်"

သူ စကားကြောင့် မြ ကျေနပ်စွာ ပြုံးလိုက်ပြီး

"မင်း အဝတ်အစားတွေ သွားထည့် အဝတ်၂စုံလောက်ပေါ့ကွာ သဘက်ခါ မနက်မှ ပြန်လာမှာ"

"ဟုတ်ကဲ့ မမ"

ရှိုင်း စကားအဆုံးတွင် လှည့်ထွက်သွားလေသည်။ မြ တိတ်တခိုး တွယ်တာရသော  ကောင်လေးကို ကြည့်ကာ စိတ်ကူးလေးဖြင့် ပြုံးလိုက်မိလေသည်။ မြ ဘက်မှာ ဘယ်သူမှ မရှိနေသည့် အချိန် ဒီကောင်လေးကတော့ မြ ဘက်ကနေ အကောင်းဆုံး ရပ်တည်ပေးနိုင်မည်ဟု  ထင်မြင်ယူဆမိခြင်းကြောင့် ယခုလို ဆုံးဖြတ်လိုက်မိခြင်း ဖြစ်လေသည်။

"ကောင်လေးရေ မမ ရဲ့ ပြသနာတွေ ကြားမှာ မင်းကို မြေဇာပင် ဖြစ်စေခဲ့တာ တောင်းပန်ပါတယ် ကွာ"

📕📕📕📕📕📕📕📕📕📕📕📕

"တောက်"

အပြင်းအထန် ဒေါသ အကြီးအကျယ် ဖြစ်နေသူက သူရဖြစ်သည်။

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now