Uni
💕အပိုင်း ၁၇💕
ရေချိုးပြီး အခန်းထဲ ပြန်ဝင်လာသော မောင့်ကို မြသင်း ပြုံး၍ ကြည့်ပြီး ဗီရိုထဲမှ အဝတ်အစား တစ်စုံကို အရံသင့် ထုတ်ပေးလိုက်လေသည်။
"အဝတ်အစားလဲ ပြီးရင် ထမင်းစားကြမယ် မောင်"
"အင်း မမ"
သူ့ကို အဝတ်အစားထုတ်ပေးကာ မီးဖိုဘက် ပြန်ထွက်သွားသော မမကို ကြည့်ပြီး သူ့ သက်မနွေးနွေးကို ရှိုက်လိုက်မိလေသည်။ ပြီးမှ မမအရံသင့်ထုတ်ပေးခဲ့သော ရှပ်အင်္ကျီလေးကို သေသပ်စွာ ဝတ်ဆင်ပြီး မမနောက်မှ လိုက်ခဲ့လိုက်လေသည်။
"မောင့် ကြိုက်တတ်တဲ့ ဆိတ်သားဟင်း ချက်ထားတယ်၊ မောင့် စိတ်ကြိုက်သာ စား"
နူးနပ်အောင် ချက်ထားလေတော့ ဆိတ်သားဟင်းလျာက သူ့စိတ်ကို စားချင်လာအောင် ဆွဲဆောင်လွန်းနေလေသည်။ သူအတွက်တော့ ဟင်းချက်လက်ရာကောင်းလွန်းသော ဇနီးလေးကို ပိုင်ဆိုင်ခွင့် ရထားသည့်က ဘုရားပေးသည့် ဆုလာဒ်ပင် ဖြစ်လေသည်။
စကားပြောရင်း ထမင်းစားရင်း ဇနီးမောင်နှံ နှစ်ဦး၏ ထမင်းဝိုင်းလေးက ကြည်နူးစရာကောင်းလွန်းလှသည့် ဟု ရှိုင်းတွေးထင်လိုက်မိလေသည်။
ထမင်းစားပြီး အိုးခွက်ပန်းကန်များ သိမ်းဆည်းကာ မြ အခန်းထဲဝင်ခဲ့လိုက်လေသည်။ မောင်ကို ရှာကြည့်တော့ အခန်းထဲမှာ မောင့်ကို မတွေ့ရပေ။ ထိုကြောင့် ကုတင်ပေါ် တင်ထားသော မောင့် စာရွက်များကို ကောက်သိမ်းရန် လက်တို့က ရောက်သွားရလေသည်။
"ဟင် မ ၊ အဲ့ဒါတွေထား မောင်လုပ်လိုက်မယ်"
"အို မောင်ကလည်း"
"ဟင်"
ဖိုင်တွဲတစ်ခုကို လှမ်းယူပြီးမှ မြ မျက်လုံးအကြည့်တို့က သတင်းစာတစ်ခုဆီရောက်သွားရလေသည်။
"မောင် ဒါ ဒါက "
မောင် ခုတင်ပေါ် တင်ထားခဲ့သော သတင်းစာ ကို ကြည့်ပြီး မြ လက်တွေ တုန်ရီနေခဲ့လေသည်။
"မြေး အဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း"
ဟူသော ခေါင်းစဥ်တစ်ခုနှင့် အတူ မြ ရင်အစုံကို အပ်ပါးပါးလေးဖြင့် ထိုးဆွလိုက်သည့် သဖွယ်ခံစားလိုက်ရလေသည်။
YOU ARE READING
ကျွန်မပြုံးတတ်ခဲ့ပြီ
Romanceမိန်းမတစ်ယောက် ကလေးမမွေးနိုင်တာ အပြစ်လားမောင် ဒါဆို မြအပေါ် ထားတဲ့ မောင့်အချစ်တွေ စစ်ခဲ့ရဲ့လား