8 U/Z

575 7 0
                                    

Uni

"ကျွန်မပြုံးတတ်ခဲ့ပြီ"

💕အပိုင်း ၈💕

ဒီနေ့ဆို မြတ်မင်းလေး ကျောင်းမတက်တာ ၅ ရက်ပြည့်ခဲ့လေပြီ ဖြစ်သည်။

ရှိုင်းလည်း သားကို နေ့စဥ်မျှော်ရင်း လည်ပင်းသာ ညောင်ရေအိုး ဖြစ်ပေတော့မည်။ သား ရဲ့ အရိပ်အယောင်တောင်မှ  ထို ၅ရက်အတွင်း သူ့ မတွေ့ခဲ့ရပေ။

အထူးသဖြင့် "မ"  "မ" ကို သူနေ့စဥ် တွေ့ပြီး တောင်းပန်ချင်ခဲ့လေသည်။

ဒူးထောက်တောင်းပန်ရမည် ဆိုလျှင် လည်း အခုချိန် သူတောင်းပန်ရန် ဝန်မလေးတော့ပေ။

သို့ပေမယ့် "မ" ကို တွေ့ဖို့ နေနေသာသာ သားကိုတောင် ကျောင်းမပို့တာ ၅ရက်ရှိခဲ့လေပြီ။

သားမိနှစ်ယောက်လုံးရဲ့အရိပ်အယောင်ကိုပင် မတွေ့ရသည့်မှာ ဘယ်နှရက်ရှိနေခဲ့ပြီလဲ လက်ချိုးရေ ရတော့မလိုပင် ဖြစ်နေခဲ့လေသည်။

"ဟူး"

ရှိုင်း လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ဘယ်ညာ ခေါင်းကို ခါယမ်းလိုက်မိလေသည်။

ဟိုး တစ်ချိန်ကသာ သူမကို တန်ဖိုးထားခဲ့လေလျှင် ယခုလို ဖြစ်လာစရာအကြောင်း ရှိခဲ့မည့် မဟုတ်ပေ။

သူသည့်သာ အပြစ်ရှိသူမို့ မမ ကို ငေးကြည့်နေရုံမျှသာ သူ့တက်နိုင်လေတော့သည်။

မမ ကို ရက်စက်သည်ဟုလည်း မပြောလိုတော့ပေ။ တကယ်ရက်စက်ခဲ့သူက သူ ကိုယ်တိုင်ပင် ဖြစ်ခဲ့လေတော့ သူမှာ မမကို အပြစ်မတင်ဝံ့ခဲ့ပေ။
                             💕💕💕
၆ ရက်မြောက်နေ့တွင်တော့ သူ ဘယ်လိုမှ မနေသာတော့ပေ။ မိုးနတ်နွယ် ရဲ့ မိဘတွေ အိမ်ကို လိုက်သွားကာ  မြ အိမ်ကို စုံစမ်းပြီး လိုက်ခဲ့ရလေသည်။

သူ ခြံရှေ့ရောက်တော့  လူခေါ်ခေါင်းလောင်းတွေကို တီးလိုက်တော့ ခြံစောင့်ဖြစ်ဟန်တူသူ တစ်ဦး ထွက်လာပြီး

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ လူလေး "

"ကျွန်တော် ဒေါ်မြသင်းသူ နဲ့ တွေ့ချင်လို့ပါ"

"ဒါဆို ဦးလေး ကလေးမ ကို သွားပြောလိုက်ဦးမယ်"

ခြံစောင့်ကြီး လှည့်ထွက်မယ် ပြင်တော့

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now