14 U/Z

224 3 0
                                    

Uni

💕အပိုင်း ၁၄💕

မြ အိမ်ရှေ့ကို ကားထိုးရပ်ပြီး အိမ်ထဲသို့ ဝင်ရန်ပြင်လိုက်စဥ် သူမ လက်ကို ဖမ်းဆွဲလိုက်သော လူတစ်ယောက်ကြောင့် လှည့်ကြည့်လိုက်မိလေသည်။

"ဟင် သူရ နင် ဒါဘာလုပ်တာလဲ"

သူရ လက်ကြားက စီးကရတ်ကို အားရပါးရ ဖွာလိုက်ပြီ

"မင်းနဲ့ ငါ စကားပြောစရာရှိတယ် မြသင်းသူ"

"တောက်"

မြ တောက်တစ်ချက် ခက်လိုက်ပြီး စူးစူးရဲရဲ သူ့ကို ပြန်ကြည့်ကာ ပြောလိုက်သည့်က

"ငါ့ မှာ နင်လိုကောင်အတွက် ပြောစရာမရှိဘူး သူရ  ငါ့လက်ကို အခုလွှတ်"

"မလွှတ်တော့ ဘာလုပ်ချင်လဲ"

ငေါ့သလို မေးလာသော သူရစကားကြောင့် မြ နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပိတ်ထားလိုက်မိလေသည်။ အသားလွှတ် လူပါးဝနေသည့် ကောင်။

"ကဲဟာ ဒီလောက်ပြောမရတဲ့ကောင်"

"ဖတ်"

မြ သူရ ၏ ပါးကို အားရပါရ လွှဲရိုက်လိုက်သော်လဲ သူမ လက်က သူရ ပါးပေါ် မရောက်ခဲ့ပေ။
သူရ ၏  ဖမ်းဆုတ်ကိုင်ခြင်း ကို ခံလိုက်ရလေသည်။

"အဟွန့် အဟွန့်  ဒီမှာ မြသင်းသူ မင်း ငါ ပါးကို ရိုက်နိုင်ဖို့ ကြိုးစားလိုက်ဦး "

"တောက် "

မြ သူရကို ကြည့်ပြီး ဒေါသတွေ လွန်ကဲနေရလေသည်။ နီရဲနေသော သူမ မျက်နှာလေးမှာ ဒေါသ၏ အခိုးအငွေ့များစွာ ကပ်ငြိနေလေသည်။

"ဟဲ့ ကလေးတွေ ဘာဖြစ်နေကြတာလဲ "

ဒေါ်မေသက် အပြင်မှ မြသင်းနှင့် သူရ၏ ရန်ဖြစ်သံကို ကြားလိုက်ရသဖြင့် အိမ်ထဲမှ အပြင်သို့ ထွက်လာခဲ့လိုက်လေသည်။ သူရလည်း  အဘွားရဲ့ အသံကြားလိုက်တော့ သူ  မြလက်ကို လွှတ်ပေးလိုက်မိလေသည်။

"ဟင် မြေး သူရ ဘာဖြစ်သွားတာလဲ "

"ဘာမှ မဖြစ်ပါဘူး အဘွား "

မြကို ခပ်ချေချေ ကြည့်ကာ ပြန်ပြောနေလေသော သူကြောင့် မြ စိတ်တွေမှာ ဒေါသတွေ လွန်ကဲနေရလေသည်။

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now