Uni
"ကျွန်မပြုံးတတ်ခဲ့ပြီ"
💕အပိုင်း ၇💕
သူမ သူကို တွေ့လိုက်ရတော့ အံ့သြတုန်လှုပ်ခြင်းများဖြင့် ရှေ့ဦးစွာ သူ့ ပါးပြင်ကို နာကြည်းချက်ဖြင့် လွှဲရိုက်လိုက်မိလေသည်။
"နင် ဘာလိုက်လုပ်တာလဲ ပြီးတော့ နင်ဘယ်လို ဒီကိုရောက်နေတာလဲ"
ရှိုင်း သူမ အရှေ့မှာ ရို့ကျိုးသော ပုံစံဖြင့်
"မောင် အရာရာ အားလုံးအတွက် "မ" ကို တောင်းပန်ပါတယ်"
"အဟက်"
သူမ သူ စကားကြောင့် သဘောကျစွာရယ်လိုက်ပြီး
"မောင် ဟုတ်လား နင့် ပါးစပ်က နင်ကိုယ့်နင် မောင်လို့ မပြောနဲ့ ငါ့ နားထဲမှာ နားခါးလွန်းလို့ ပြီးတော့ ငါ့ကို "မ"လို့ မခေါ်နဲ့ ငါ့မှာ နာမည် ရှိတယ် မြ သင်း သူ"
မြ ရင်ထဲရှိသော မကျေနပ်မှု အစိုင်အခဲတွေနှင့် အတူ စကားလုံးတစ်ချို့ကို ပြောချလိုက်လေသည်။
သူမ သူ့ကို နာကြည်းချက်ဖြင့် မြို့သိပ့်ထားခဲ့ရတာ ၈နှစ်ရှိခဲ့ပြီ မဟုတ်လား။
"မောင် သိပါတယ် မောင် အပြစ်တွေက "မ"ခွင့်မလွှတ်ထိုက်တဲ့ အပြစ်ပါ အပြစ်လုပ်ခဲ့သူမို့ တောင်းပန်ရုံနဲ့ မောင်အပြစ်တွေမကျေဘူး ဆိုတာ မောင် သိပါတယ် "
မြ သူ မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီ
"သွားသေလိုက်ပါလား နင် အစကတည်းက နင်မှာသာ အစကတည်းက အသိဉာဏ် ရှိခဲ့ရင် အခုလို ဖြစ်လာစရာမရှိဘူး နင်မှာ အသိဉာဏ်မရှိလို့ သစ္စာမရှိလို့ အခုလို ဖြစ်ခဲ့တာ နင် ငါ့ကို တောင်းပန်လဲ ငါ့မကျေနပ်ဘူး ငါ့နင့်ကို မုန်းတယ် ရှိုင်းကို"
သူမ ရဲ့ စကားလုံးတိုင်းက ရိုက်ချက်ပြင်းသည်။သူမ ရဲ့ စကားလုံး တိုင်းကို သူ ပြန်ချေပနိုင်စွမ်းမရှိ ဖြစ်ခဲ့ရလေသည်။
အဆိုးဆုံးက သူကို မုန်းသည့် ဟူသော သူမ စကားတစ်ခွန်းကြောင့် သူရင်ထဲမှာ စပ်ဖျင်းဖျင်းဝေဒနာတစ်ခု ကပ်ငြိဝင်ရောက်လာခဲ့ရလေသည်။သို့သော်လဲ ကိုယ့်က မှားခဲ့တာမို့ ဘာကိုမှတော့ အထွန့်မတက်ချင်တော့ပေ။
YOU ARE READING
ကျွန်မပြုံးတတ်ခဲ့ပြီ
Romanceမိန်းမတစ်ယောက် ကလေးမမွေးနိုင်တာ အပြစ်လားမောင် ဒါဆို မြအပေါ် ထားတဲ့ မောင့်အချစ်တွေ စစ်ခဲ့ရဲ့လား