Uni
💕အပိုင်း ၁၆💕
"မမ"
ရှိုင်း ရဲ့ တိုးလျှလျှ ခေါ်သံကြောင့် သူမ အသိဝင်လာကာ သူကို ကြည့်လိုက်ပြီး
"တို့ မင်းကို ချစ်ကြည့်ချင်တယ်"
"ဘယ်လို ဗျာ "
ရှိုင်း ဝမ်းသာရတော့မလို ထပဲ ခုန်ရတော့မလို မမ ပခုံးလေးကို ဆွဲကိုင်ရင်း ပီတိမျက်နှာဖြင့် ငေးကြည့်လေတော့
"ဘာလဲကွာ မသိတော့ဘူး ဖယ်"
သူလက်တွေ တွန်းဖယ်နေသော မမကြောင့် သူ့ ခပ်လွှင့်လွှင့်လေး ပြုံးရင်း
"မဖယ်ချင်ဘူး ကျွန်တော်ကို တကယ်ချစ်မှာလား"
နဂိုကတည်း က အပျိုကြီး မမ ပီပီ အရှက်သဲရသည့် ကြားထဲ ထိုကောင်လေးက တစ်မျိုး။ ရှက်လွန်လှသဖြင့် ပါးမို့မို့လေးတွေပင် ပန်းသွေးရောင် လွှမ်းနေရလေသည်။ နှာသီးဖျားလေးဆို ရှက်လွန်း၍ နီရဲနေရလေသည်။ ရှိုင်း အရှက်သဲနေသော မမကို မမှိတ်မသုတ်ငေးကြည့်ရင်း
"ဖြေလေ"
"အို"
အဖြေပင် မစောင့်လေပဲ သူမ ပါးပြင်ထက် အနမ်းခြွေလိုက်သူက ရှိုင်းကို ဖြစ်သည်။ သူ့၏ တဇွတ်ထိုး အပြုအမူကြောင့် သူမ ပိုမိုအရှက်သဲရလေသည်။
ပါးပြင်ထက် ပူနွေးမှုကြောင့် ပန်းသီးလေးလို နီရဲနေသော သူမ မျက်နှာလေးက ပိုမိုနီရဲလာကာ
"ဖယ်ကွာ"
"မဖယ်ဘူး ချစ်လား"
ကလေးတစ်ယောက်လို ဆိုးနေသူက ရှိုင်းကို ဖြစ်သည်။
"အင်း"
"ဘာအင်းလဲ"
"ချစ် ချစ်တယ်လို့ကွာ"
စကားအဆုံးတွင် အရှက်သဲကာ ခေါင်းငုံသွားသော အပျိုကြီး မမ ကို ယုယစွာ မြတ်နိုးမှု အပေါင်းနှင့် ထွေးပွေ့လိုက်သူက ရှိုင်းကို ဖြစ်လေသည်။ ဘဝမှာ မမျှော်လင့်ရဲခဲ့သော မမထံမှ အချစ်တစ်ခုကို လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့သည့်က များစွာဖြင့် ကြည်နူးစရာဖြစ်ခဲ့လေသည်။ ချစ်သူ ပူပူနွေးနွေးလေးကို ရင်ခွင်ထဲပွေ့ဖက်ရင်း အနာဂါတ်၏ နေ့ရက်တွေအတွက် အလိုလိုစိတ်က သာယာနေမိလေသည်။ အချစ်တဲ့ ။ လူတစ်ယောက်အတွက် ပျော်ရွှင်ခြင်း အရာဝတ္ထုတစ်ခု ဖြစ်စေခဲ့လျှင်~~~~။
💕💕💕
YOU ARE READING
ကျွန်မပြုံးတတ်ခဲ့ပြီ
Romanceမိန်းမတစ်ယောက် ကလေးမမွေးနိုင်တာ အပြစ်လားမောင် ဒါဆို မြအပေါ် ထားတဲ့ မောင့်အချစ်တွေ စစ်ခဲ့ရဲ့လား