9 U/Z

578 14 0
                                    

Uni

ကျွန်မပြုံးတတ်ခဲ့ပြီ

💕အပိုင်း ၉💕

သီတာ နှင့် မြတ်မင်း အစောကတည်း သူတို့နှစ်ယောက် အနားရောက်နေခဲ့တာဖြစ်သည်။

သို့ပေမယ့် သူတို့နှစ်ယောက် စကားပြောနေသဖြင့် အနားသို့ မလာခဲ့ဘဲ သားကို အိမ်ထဲသို့ ပြန်ခေါ်သွားခြင်း ဖြစ်သည်။

ဘာလို့လဲ ဆိုတော့ မိဘတွေရဲ့ ပြသနာ ကြားမှာ သားလေးကို စိတ်ဒဏ်ရာ မရစေချင်၍ ဖြစ်သည်။

သီတာ မြတ်မင်းလေးကို အိမ်ထဲမှာ ကစားစရာတွေနဲ့ ထားခဲ့ပြီး မမရှိရာ ထွက်လာခဲ့လေသည်။

မမရှိရာ ပန်းခြံရဲ့ ခုံးတန်းလေးဆီ သီတာ လျှောက်လာခဲ့ပြီး

"မမ"

မမ က သူမ ကို မော့ကြည့်ပြီး

"သီတာ ညီမလေး "

မမ သူမ ကိုတွေ့တော့ ဖတ်ပြီးပို၍ ငိုရှိုက်လေတော့သည်။

"မမ မှားသွားပြီးလား ဟင် ကလေး သားအရှေ့မှာ သားရဲ့ အဖေ ဆိုတာ ဖွင့်မပြောဖို့ မမ သူကို ပြောလိုက်တယ် ကလေးရယ်"

သူမ မမ ကို ထွေးပွေ့ကာ

"မမ မမှားပါဘူး ဒါက သူအပြစ်တွေအတွက် ပေးဆပ်ဖို့ပါပဲ ဒီအပြစ်က သူနဲ့ ထိုက်တန်ပါတယ် မမရယ်"

သီတာ မမကို ကိုယ်ချင်းစာပါသည်။
မမ ဘယ်လောက်ခံစားနေရမည်လဲ ဆိုတာ သူမသာ အသိဆုံးဖြစ်သည်။

သို့ပေမယ့် ရှိုင်းကို ကို မမ မပြောလေနှင့် သူမ တောင် ခွင့်လွှတ်ချင်စိတ်မရှိပေ။

သို့ပေမယ့်လည်း သား ရဲ့ ရှေ့ရေး ရှိနေလေတော့ မမကို မာန တွေနဲ့ ဘဝကို မကုန်ဆုံးစေလိုသည့် စိတ်ကလဲ သီတာထံမှာ ရှိနေလေသည်။

ရှိုင်းကို ကိုလဲ သူအပြစ်အတွက် သူ ပေးဆပ်ပြီးရင် မမ အနားကို ပြန်လာသင့်ပါတယ်လေ ဟု တွေးတာ သူမ ဖြေသိမ့်လိုက်မိလေသည်။

ရှိုင်းကိုသည် မမှားသင့်သော အမှားတစ်ခုကို ကျူးလွန်ခဲ့သည့် မို့သာ မမသူကို မုန်းနေခြင်းဖြစ်လေသည်။ မမ ရင်ထဲမှာ ရှိုင်းကို အတွက် သံယောဇဥ် လက်ကျန် ရှိနေသေးသည့်ကို သူမ မြင်နေရလေသည်။
💕💕💕

ကျွန်မပြုံးတတ်ခဲ့ပြီWhere stories live. Discover now