Uni
"ကျွန်မပြုံးတတ်ခဲ့ပြီ"
💕အပိုင်း ၄💕
ဘွားမေသက် မြေးဖြစ်သူ ထံမှာ သူမ အတွက် မျိုးဆက် ရင်သွေး ရှိနေပြီမို့ အထူး ဂရုစိုက်လေသည်။
အစားအသောက်က အစ သူမ ကိုယ်တိုင်စီမံပေးလေသည်။
ကိုယ်ဝန်ရှိသည် ဆိုတာကို သိသည့် အချိန်မှ စ၍ အလုပ်တောင် မလုပ်ခိုင်းတော့ချေ။
"သီတာ ညည်းမမ အတွက် အစားအသောက်ကို အပူ အစပ်တွေ မကျွေးနဲ့နော် "
သီတာ အဘွားကို ပြန်ပြောလိုက်သည်က
"အဘွားကလဲ စိတ်ပူစရာ မရှိ ကြံဖန်စိတ်ပူနေတယ် တကယ်ထဲ"
"ဟဲ့ မပူလို့ ရမလား ငါ့မြေးလေ ငါ စိတ်မပူလို့ ဘယ်သူ စိတ်ပူမှာလဲ"
မြ အဘွားရဲ့ သူမ အပေါ် စိတ်ပူတတ်တာလေးကို သဘောကျစွာဖြင့်
"ဘွားဘွားကလည်း အခုမှ ကိုယ်ဝန်ရှိကာစလေ အဲ့လောက်လဲ စိတ်ပူစရာမှ မလိုတာ"
"တိတ် မိမြ ညည်းကြည့်နေ ကြည့်ထိုင်နော် ညည်း ဗိုက်ထဲက ငါမြေး တစ်ခုခု ဖြစ်လို့ကတော့ ညည်းမလွယ်ဘူး မှတ်"
"ဟုတ်"
အဘွားရဲ့ ဒေါသကြီးစွာ အော်ငေါက်မှုကြောင့် မြ ခေါင်းလေး အလိုလိုပုသွားရလေသည်။
ဘာပဲ ဖြစ်ဖြစ် မြကျေနပ်ပါသည် မြ ရင်သွေးလေး နှင့် မြ ကို အဘွား လက်ခံထားခြင်းကြောင့်ဖြစ်သည်။
အခုတော့ မြ က တစ်အိမ်လုံးရဲ့ သဲသဲလှုပ်ချစ်ခံရသူလေး ဖြစ်နေလေပြီ။
💕💕💕"သဲရေ ကိုကို အလုပ်က ပြန်လာပြီ ဘာချက်ထားလဲကွာ"
အိမ်ထဲသို့ ဝင်လာသော ရှိုင်းစကားကြောင့် သဲငယ် ဒေါသဖြစ်စွာဖြင့်
"ဘာမှ မချက်ထားဘူး ချက်လဲ မချက်တတ်ဘူး ကိုယ့်ဖာသာ ချက် မကျေနပ်လဲ ဆိုင်မှာဝယ်စား"
စကား အဆုံးတွင် သဲငယ် လှည့်ထွက်သွားလေသည်။
"တောက်"
ရှိုင်းကို တစ်ယောက် မျက်နှာကြီး နီရဲစွာ ဒေါသများ ဖြစ်ကာ ကျန်ရစ်ခဲ့လေသည်။
YOU ARE READING
ကျွန်မပြုံးတတ်ခဲ့ပြီ
Romanceမိန်းမတစ်ယောက် ကလေးမမွေးနိုင်တာ အပြစ်လားမောင် ဒါဆို မြအပေါ် ထားတဲ့ မောင့်အချစ်တွေ စစ်ခဲ့ရဲ့လား