အပိုင်း(၃၅)

543 3 0
                                    



"သူဋ္ဌေးကြီးဦးကျော်ကောင်းရောက်နေပါတယ် အကိုကြီး"

"အေးအေးသန့်ဇော် ငါလာခဲ့မယ်လို့ ဒီမှာအလုပ်တွေမပြီး ပြတ်သေးလို့ ခဏလို့ ပြောထားလိုက်"

"ခဏမနေနဲ့ ဝင်လာခဲ့ပြီ"

အစည်းဝေးခန်းမထဲရုတ်တရက်ဝင်လာသည့် ဦးကျော်ကောင်းကို အလုပ်ကိစ္စဆွေးနွေးနေကြသည့် မန်နေဂျာတချို့ ခေါင်းငုံ့ ဂါဝရပြုပြီး အပြင်ထွက်သွားကြသည်

"ဖေဖေရာ အိမ်လာခဲ့ဖို့ဖုန်းဆက်လိုက်ရင် သားရုံးဆငိးတာနဲ့လာမှာပေါ့"

"ဒီနား လမ်းကြုံလို့ ပြောစရာလေးလည်းရှိလို့ဝင်လာတာငါ့သားအိမ်နဲ့ ဖေဖေ့ အိမ် ဒီလောက်ဝေးနေတာ သား အလုပ်က ပြန်ရင် ပင်ပန်းနေမှာလေ ဒါကြောင့် ဒီပဲ ဝင်လာလိုက်တာ"

"ဟုတ်ပါပြီ ဖေဖေရာ ပြောစရာရှိတယ်ဆို ဘာများလဲ"

"ဖေဖေ့ သူငယ်ချင်းရဲ့ သမီးတယောက်ကလေ သူ့ကုမ္ပဏီအတွက်အတွေ့ကြုံရအောင် သင်တန်းတွေတက်ထားတာ ဘာသာ စကား၄မျိုးလောက်တတ်တယ် အဲဒါအတွေ့ကြုံလာယူဖို့ ဖေဖေက သားကုမ္ပဏီမှာ အတွင်းရေးမှူး ခန့်မယ်လို့ပြောထားတာ အဲဒါသားကို ပြောချင်လို့"

"အာ လာပြန်ပြီ ဖေဖေသူငယ်ချင်းသမီးတွေက မကုန်သေးဘူးလားဗျာ သား က ဘယ်လောက်ထိ သူတို့ကို ကယ်တင်ပေးနေရမှာလဲ ရူးချင်ပါတယ် ဦးမျိုးမြတ်တုန်းကလည်း အဲလိုဖေဖေပြောခဲ့တာပဲ"

"ဒီတစ်ယောက်တည်းပါပဲကွာ အဖေက ငယ်ငယ်က ဆင်းရဲခဲ့တာ သိနေတာပဲ အဲတော့အဲချိန်က ဆိုးတူကောင်းဖက် ရပ်တည်လာခဲ့ကြတဲ့ သူငယ်ချင်းတွေကို ဖေဖေ တတ်နိုင်သလောက် ကူညီပေးတဲ့သဘောပါ ဦးမျိုးမြတ်တုန်းကလည်း သူဖေဖေ ဦးဇော်မြတ်က ဖေဖေ့ကို ကျောင်းထားပေးခဲ့တာ ဖေဖေက သူပေးခဲ့တဲ့  ပညာတွေကြောင့် ဒီအရွယ်မှာ အခုလိုကောင်းကောင်းမွန်မွန်နေရတာ  ခုက အဲကောင်မလေးကို အလုပ်လေးပဲ ပေးခိုင်းတာပါကွာ"

"အတွင်းရေးမှူးက သားက ယောက်ျားလေးပဲ ခန့်ထားတာလေ လိုမှ မလိုတာ မိန်းမတွေဆိုကြောက်လို့ သားနဲ့ အနီးစပ်ဆုံး အလုပ်လုပ်ရမဲ့ သူတွေကို အမျိုးသားတွေပဲ ခန့်ထားတာများတယ် တကယ်လို့သူ့အတွက် အလုပ်လိုတယ်ဆို ကုမ္ပဏီရဲ့ တစ်ခြား ဋ္ဌာနမှာ ပြောထားပေးမယ် သားအနားမှာတော့ မလုပ်ပါနဲ့"

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now