အပိုင်း(၂၁)

719 10 2
                                    

"ဟိုတယောက်က ဘာလဲဟာ ငါ့ကိုပဲ ကြည့်ရမဲ့ဟာကို သူလာလိုက်တာ သူ့ကိုပဲ ကြည့်နေကြတယ်"

"အေးနော် တော်တော်လှတယ် ငကောင်းရဲ့ ဇယားအသစ်လားမသိဘူး"

မေက မျက်နာတခုလူံးနီရဲပြီးဒေါသထွက်နေ၏ ခုံကိုလည်းလက်သီးနဲ့ တဒိုင်းဒိုင်းထုနေတာသူမလက်ထိပ်တွေလည်းနီရဲနေကာ

"ဟဲ့ အဲဒါ ငါအရမ်းကြိုက်တဲ့ ဖိနပ် သူစီးထားတာ သော်တာ နင်ကြည့်စမ်း အင်ကျီကော ဟိုတခါ ငါနင့်ကို website က ပြတာတွေလေအကန့်သတ်နဲ့ထုတ်ထားတာတွေမလား ဒီမိန်းမငါ့ကိုလိုက်တုချင်နေတာပဲ အရမ်းများသွားပြီ"

"ငကောင်းက နင့်အတွက်ဝယ်ပြီးမှကွာရှင်းလိုက်လို့ သူ့ကိုပေးလိုက်တာဖြစ်မယ် နေစမ်းပါဦး ငါသူ့ပုံစံကို ရင်းရင်းနီးနီးသိသလိုပဲ"

"နင်သိတယ် ဘယ်သူလဲ ဟိုကလေးမတော့ သူဒီလိုပွဲမျိုးခေါ်လာရဲမှာမဟုတ်ပါဘူး အငှားပဲနေမှာပေါ့"

"မေသူရေ နင်တော့ဂွမ်းပြီ ငါထင်တာမမှားဘူး အဲဒါဟိုတောသူပဲ"

"ဟမ်"

မေသူက သောက်လက်စ ရေခွက်ကို ကွဲအောငါ စားပွဲပေါ်ဖိစောင့်ပြီး ချလိုက်သောကြောင့် ဘေးဝိုင်းက လူတွေက လှည့်ကြည့်ကုန်၏ မေသူက မျက်စိမျက်နာပျက်နေတာကို ချက်ချင်းပြင်လိုက်ကာ မျက်နာကြောတင်းပစ်လိုက်၏

"မဖြစ်နိုင်တာ သော်တာ နင်စကားကို ယုတ္တိရှိအောင်ပြော"

"အရင်က ပုလင်းဖင်ကြီးလေ မျက်ခုံးမွှေးကလည်းပုံမကျအောင်ဆွဲ မိတ်ကပ်ကလည်း ထူလပျစ် နှုတ်ခမ်းနီကလည်း အပေါစားသုံးတော့ ရုပ်မထွက်တာနေမှာပေါ့ ပြီးတော့ငါက သူ့ခန္တာကိုယ်အတိကျမှ မမြင်ဘူးတာ အမြဲ ဖလမ်နယ် အကွက်လက်ရှည်တွေနဲ့ထဘီရှည် ဘောင်းဘီရှည်တွေနဲ့ဆိုတော့ တော်တော်ဂွမ်းတာတော့သိတယ်လေ"

"ဇွဲက တော်တော် အမြင်ရှိတာပဲ အမှိုက်ထဲကနေရွှေဖြစ်အောင် လုပ်ပြီး ငါပစ္စည်း တွေကို ဆင်ပေးလိုက်တာပေါ့"

"နင်ကလည်း နင်မကြိုက်လို့ လမ်းခွဲပြီးသားကို သူဘာသူ ဘယ်သူ့ဘာလုပ်လုပ်ပေါ့ဟယ် ဆိုင်တော့တာမှမဟုတ်တာ"

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now