အပိုင်း(၁)

3K 26 0
                                    

မိုးတွေလေတွေကြားထဲ အိမ်ကိုကားအမြန်မောင်းလာရပြီး အမောကတော့ မပြေ ငြိမ်သက်တိတ်ဆိတ်နေသော အိမ်ကြီးထဲတွင် အပြင်ရာသီဥတုထက် အေးစက်မာကျောနေသော နလုံးသားတစုံပိုင်ဆိုင်ထားတဲ့ မိန်းမတယောက်ရဲ့ ကွာရှင်းစာချုပ်တစောင်

လက်မှတ်ထိုးရမည်မှာလွယ်သည် ဆိုပေမဲ ့တခုလပ်တယောက်ဖြစ်သွားမည့် နာမည်ဆိုးအောက်တွင် ကျွန်တော့်၏သိက္ခာ ကျွန်တော့် အသိုင်းဝိုင်း
လူတွေရဲ့အကြည့်ကို မခံနိုင် ကျွန်တော့်အသက်ငယ်သေးသည် အိမ်ထောင်ကွဲ ဘဝနဲ့ ရင်ဆိုင်ရမည့် တိုက်ခိုက်ခြင်းများအား ခံနိုင်ရည်ရှိသေးမည်မဟုတ်
အဖေ ဦးကျော်ကောင်း၏နာမည်ကိုလည်း ထိခိုက်ရမည်
မာနကို ကိုးကွယ်ထားသည့်ယောက်ျားတယောက်ဖြစ်သည်မို့ ကျွန်တော်ကောင်းနေ့ဇွဲအတွက်မိန်းမတယောက်ကို တောင်းပန်သည်ဆိုသည်မှာလည်း လွန်စွာခံပြင်းအောက်ကျသောအလုပ်ပင်ဖြစ်သည်

အင်မတန်ရှုပ်ထွေးလှသော စီးပွားရေးလောက စီးပွားဖက်ချင်း လက်ဆက်ကြသည့် ဖေဖေ မေမေတို့ အိမ်ထောင်ရေးမှာ ခိုင်မြဲခဲ့ပေမဲ့
လက်တွေ့ကျကျ ကျွန်တော့်အလှည့်မှာတော့
_

အသက်၁၈နှစ်အရွယ်မှာ ကျွန်တော်တက္ကသိုငလ်တက်ရင်း အဖေ့ ကုမ္ပဏီမှာပင် အလုပ်ဝင်လုပ်ခဲ့သည် အသက်၂၀ မှာတော့ မိဘဆန္ဒအတိုင်း ဖြည့်ဆည်းကာ
မေ့ကို လက်ထက် ပေးခဲ့သည် ကိုယ်အိမ်ထောင်ရေးသာယာဖို့ ပြည့်ပြည့်ဝဝကြိုးစားခဲ့ပေမဲ့  အရာမထင်ခဲ့ ပြသနာဆိုသည်မှာ နေ့စဉ်ရက်ဆက်
နိုင်ငံခြားမှာပဲ ကြီးပြင်းလာရတဲ့ သူမ အဖို့ ကျွန်တော်လို နုံအအ အကောင်ကို မနှစ်သက်ဖူးဆိုတာလည်း ကျွန်တော်သိသည် မိဘဆန္ဒအရသာ သူမ ခေါင်းငြိမ့်ခဲ့သည်တူသည်
ချစ်သူရည်းစားမဟုတ်ပဲ လက်ထက်လိုက်ရသည့်တစိမ်း၂ယောက်အတွက် ဒီလက်ထပ်ပွဲဟာ ကြောင်တောင်တောင်ဖြစ်စေမည်မှန်း သိ၏ ကြာလာရင် ချစ်လာမှာပဲ လို့ကျွန်တော်ထင်မိသည်
ထင်ထားသမျှလုံးဝဖြစ်မလာပဲ သူမ ရဲ့နိုင်ငံခြားက ချစ်သူနဲ နေ့တိုင်း Video call ပြောသည်ထိ ကျွန်တော်သည်းခံခဲ့ပါသည်

ဒါဆို သူမ ကို ကျွန်တော်ချစ်နေတာလား?????

မဟုတ်နိုင် မိန်းမတယောက်ဆိုတာ အခုမှ ပက်သက်ဖူးသည့်ကျွန်တော်က ရည်းစားတောင်မထားဖူးပေ
မိန်းမလှတယောက်နဲ့ လက်ထက်လိုက်ရသည့် ကျွန်တော်က ကံကောင်းတာလားဆိူးတာလား မတွေးမိ သို့သော် သူမ နဲ့ တယောက် တခန်းဆီ သူမရဲ့ နွေးထွေးမှုဆိုတာ ဘာမှန်းတောင် မသိလိုက်ရတဲ့ ကျွန်တော့်ဘဝ သူမကို
စိတ်နာသင့်ပါသည် နာမည်ပျက်မှာဆိူးလို့သာ ကျွန်တော်ငြင်းနေမိသလား ငွေနဲ့ အချစ်ကြောင့်တော့မဟုတ် သူမ မရှိလည်း ကိုယ့် company ကို ဦးစီးနိုင်တဲ့ လူတယောက် အရွယ်တော့ ဖြစ်နေပြီလေ

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now