အပိုင်း(၄၈)

500 7 0
                                    

"ဇွဲရယ် နင် အဲမိန်းကလေးရှေ့မှာငါ့ကိုဘယ်လိုလုပ်လိုက်တာလဲဟာ"

ဇွဲကမေ့ လက်ကိုစောင့်ဆွဲလာကာ အခန်းပြင်ခေါ်ထုတ်လာသော်လည်း အိမ်ရှင်ကပြန်စေချင်ပြီဆိုတာသိပေမဲ့ နောက်ဆုံးအနေနဲ့ကိုယ့်အတွက်မြက်ပင်လေးတပင်ရှိတောင်အသက်ရှင်ကျန်ဖို့အတွက် ဆွဲသင့်ဆွဲထားရမည်

"မင်းသွားသင့်ပြီ"

"ငါ့ကိုမနှင်ပါနဲ့ ဘာလဲထပ်ရိုက်ချင်သေးလို့လားရိုက်လိုက်လေ ရိုက်ပါ "

နေ့ဇွဲက စိတ်ပျက်လက်ပျက်ဖြင့် မေ့ပုံစံကိုကြည့်ကာ လှေကားလက်တန်းကို လက်ပိုက်ပြီးမှီနေလိုကိသည်

"မင်းဘာလိုချင်သေးတာလဲမင်းကိုထပ်ပေးစရာငါ့မှာဘာမှမရှိတော့ဘူးငါ့ကိုစိတ်ဒုက္ခမပေးပါနဲ့တော့ကွာမင်းသွားပါတော့"

"မောင်... မောင်ရဲ့လုံခြုံတဲ့ရင်ခွင်အောက်ကမေဘာလို့ထွက်ပြေးမိပါလိမ့် မေတော်တော်မကောင်းတာပဲ ဒီချိန်မောင့်နားမှာမေရှိနေရမှာ မေတောင်းပန်ပါတယ်မောင်ရယ် မေ့ကိုခဏလောက်ပဲအားငယ်စိတ်တွေပျောက်သွားအောင်ဖက်ခွင့်ပေးပါမောင်ရယ်"

ဇွဲရင်ခွင်ထဲတိုးဝင်ပြီး ခါးကိုသိုင်းဖက်ပြီး ရှိုက်ကြီးတငင်ငင်ငိုလိုက်မိသည်

လှေကားလက်တန်းခံနေတာကြောင့် နောက်ဆုတ်လို့လည်းမရ ရှေ့တိုးလည်းမရ  ဘယ်လောက်ပဲမုန်းနေပါစေ ရက်စက်တတ်သည့် နှလုံးသားကထပ်ပြီးသူမကို တွန်းဖယ်ဖို့တော့အားနာသည်လား မိန်းကလေးတယောက်ရဲ့ ပါးကိုရိုက်လိုက်မိသောကြောင့် သနားနေသည်လားတော့မသိ သူမ ပခုံးဆီသာ လက်ကရောက်ပြီး နှစ်သိမ့်ဖို့ တွန်းအားပေးနေသလိုဖြစ်နေသည် သို့ပေမဲ့ သံယောဇဉ်လက်ကျန်ကြောင့်သာ သူမကိုသနားနေမိသည်ထင်ပါသည် သူမသည် ခွင့်လွှတ်ဖို့မထိုက်တန်မှန်း အသိစိတ်ကတော့ထင်ထင်ရှားရှားဆုံးဖြတ်ပေးနေသည်

သူမပခုံး၂ဖက်ကို ကိုင်ပြီး အ့်နားကနေ ငြင်ငြင်သာသာပဲ တွန်းဖယ်ပြစ်လိုက်သည်

"ငါမင်းကိုဒီလိုတောင်းပန်ခဲ့ဖူးပါတယ် မင်းလျှောက်မဲ့လမ်းကိုမင်းပဲရွေးခဲ့တာ ငါလိုသူငယ်နပ်စားမနူးမနပ်ကောင်ကို မင်းပဲ ဒဏ်ရာတွေပေးပြီး ရင့်ကျက်အောင်သင်ပေးခဲ့တာ ကျေးဇူးတင်တယ် မင်းကိုငါ့ဘဝထဲကိုပြန်လက်မခံရဲလောက်အောင်သင်ပေးခဲ့လို့သွေးအေးစေခဲ့လို့"

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now