မှေးခနဲ ခဏလေးအိပ်ပျော်သွားပြီးပြန်နိုးလာတော့ ကိုကိုက အဝတ်အစားတွေ ခရီးဆောင်အိတ်ထဲကို ထည့်နေသည် ကြည့်ရတာ အလျင်လိုနေဟန်
"ကိုကို ဘယ်သွားမလို့လဲ"
"ပန်းနိူးလာပြီလား ကိုတောင်ကြီးကိုအရေးကြီးအလုပ်ကိစ္စပေါ်လာလို့သွားရမှာ ပန်း"
"ဟင်အစောကြီးပဲ မနေ့က ကိုကိုမပြောပါဘူး မဟုတ်ပန်းထည့်ပေးထားမှာပေါ့"
"ဟုတ်တယ် ဒီမနက်မှ မန်နေဂျာက ဖုန်းဆက်လို့ ခဏနေကိုသွားရတော့မှာ ပန်းအိပ်နေလို့ကိုမနှိုးရက်လို့ပါ"
ဟုတ်လို့လားကိုကိုရယ် ပန်းမသိအောင် တိတ်တိတ်လေးသွားမလိူ့မလား ကိုကို မလိမ်တတ်ပဲ လိမ်နေရတာ ပင်ပန်းနေပြီမလား စိတ်ထဲမှာတော့တစ်မျိုးကြီးပဲကိုကိုရယ် ပန်း အနားက တသက်လုံးထွက်သွားမှာပဲ ပန်းစိုးရိမ်တာပါ
သူ့ကိုကားရပ်ထားသည့် ဆင်ဝင်နားထိလိုက်ပို့လိုက်ပြီး ဘာအမှာစကားမှ ရေရေရာရာ မပြောဖြစ် ပဲ ပန်း ကို့ကို့ကိုသာ ငေးကြည်နေမိသည် ကိုကိုက ငိုင်ပြီးရပ်နေသည့် ပန်းပခုံးလေးပေါ်လက်တင်ပြီး
"မျက်တွင်းတွေလည်းကျနေပြီ ညတွေအိပ်နော် ကိုဖုန်းခဏခဏဆက်မယ်ဟုတ်ပြီလား"
ထိုစကားလေးသာမှာပြီး ပန်းနှုတ်ခမ်းလေးကို ဖွဖွလေးနမ်းကာ ကားပေါ်တက်သွားသည့် သူ့ကို မသွားလို့မရဘူးလား ကိုကို လို့တားပိုင်ခွင့်မရှိ ပန်းကို ချစ်သေးရဲ့လားလို့လည်းမေးပိုင်ခွင့်မရှိ ဘာလို့များတခါတလေ ကိုယ်ချစ်တဲ့သူကို မေးခွန်းတွေမေးဖို့ အဲလောက်ထိများ တွေဝေနေခဲ့သလဲ မပြတ်သားနေခဲ့သလဲ အဓိကကတော့ သူစိတ်ကွက်သွားမှာကို မမြင်ချင်လို့ပဲမဟုတ်လား ကျွန်မကြောင့် ကိုကို စိတ်နည်းနည်းလေးတောင် မပျက်စေလောက်အောင် ကျွန်မ နားလည်ပေးထားသည်
"အိမ်ခ မင်းပဲလိုက်မယ်ဆိုလို့ ငါလေယာဉ်လက်မှတ် ၄ခုစီစဉ်ထားလေ ခုမှဘယ်လိုဖြစ်တာတုန်း"
"အေးငါ့လူနာတွေ အခြေနေက တခြားသူတွေနဲ့လက်လွှဲယူလို့မရလို့ကွာ တစ်ယောက်က ဆေးဖြတ်တာတော်တော်အခြေနေဆိုးနေတာငါရှိမှရမှာ သွားလိုက်ပါမင်းတို့ပဲ ငါဟိုကိုအကုန်ပြောထားတယ် လေဆိပ်ထိပါမင်းတို့ကိုလာကြိုခိူင်းထားတယ် စိတ်မရှိပါနဲ့သားကြီးရာ သွားလိုက်ပါ ခရီးတစ်ခုထွက်ပေးခြင်းကလည်း သူ့စိတ်ကို အနည်းနဲ့အများ သက်သာရာရောက်တယ်"
YOU ARE READING
ကာရံမဲ့မုန်တိုင်း
Roman d'amourမိန်းမတစ်ယောက်ကြောင့်ဘဝပျက်အိမ်ထောင်ကွဲပြီးမိန်းမတွေအပေါ်မယုံကြည်တော့တဲ့သူနှလုံးသား ကို နောက်တကြိမ်ပြန်ပြီးချစ်တတ်လာအောင် သူမ ဘာတွေပြန်လုပ်ပေးမှာလဲ