"အယ်ပန်းမတွေ့တာတောင်ကြာပြီအခန်းချင်းကပ်နေပြီးစင်ဒီလည်းအလုပ်နဲ့ဆေးရုံနဲ့ကူးနေတော့ပန်းနဲ့ကိုအေးဆေးစကားမပြောဖြစ်ဘူး"
စင်ဒီချိုကသရက်သီးခွဲနေရင်းပန်းကိုလှည့်စကားပြောစည် မစင်ဒီကိုကြည့်ရတာခုမှရုံးကပြန်လာသည်ထင်သည် ရုံးအင်ကျီတောင်မလဲရသေးတံခါးလည်းပွင့်နေတာမို့ခွင့်မတောင်းပဲဝင်လာသလိုဖြစ်သွားသည်
"ဟုတ်တယ်မမ ပန်းလည်းသတိရလို့စကားပြောရအောင်လာခဲ့တာ မနေ့ညကလည်းကြည့်သေးတယ်တံခါးပိတ်ထားလို့ ဒါနဲ့ဆေးရုံဆိုတာက ဘယ်သူဘာဖြစ်လို့လဲဟင်"
"အသိအမတစ်ယောက်ပါ ကား accident ဖြစ်ထားတာလေ ခေါင်းနည်းနည်းထိထားတယ်သူက ဆွေမျိူးသားချင်းလည်းမရှိတော့စင်ဒီလည်းကိုချင်းစာလို့သွားစောင့်ပေးနေတာ ခုထိသတိမရသေးဘူး"
"ဟုတ်လားဂရုစိုက်ပေးလိုက်ပါဆွေမျိုးသားချင်းမရှိလို့ဒုက္ခရောက်ရတဲ့ခံစားချက်ကိုပန်းကိုတိုင်လည်းနားလည်တယ်"
"ဟုတ်တယ်ပန်းရေ စင်ဒီလည်းအားနေတာနဲ့ သွားစောင့်ပေးနေတာ ဒါနဲ့ပန်းဒီနေ့အလုပ်မသွားဘူးလား"
"ပန်းအလုပ်ကထွက်ခဲ့ပြီ မမစင်ဒီ"
"အယ်ဟုတ်လားဘယ်လိုဖြစ်လို့ကိုသီဟသိလား"
"သိတယ်မမရယ် ကိုသီဟနဲ့တော့မဆိုင်ပါဘူးမမသွားပြောမနေနဲ့တော့နော်ဒီတိုင်း ပန်းအဆင်မပြေမှုတွေများလာလို့ပါ............ ပန်းဒီကြားထဲဘာတောင်လုပ်ရမလဲမသိ ......လကုန်ရင်တိုက်ခန်းခကပေးရတော့မှာ.........အဲလိုပြောလို့တမျိုးမထင်နဲ့နော်မမ ပန်းပြောတဲ့အဓိပ္ပာယ်က မမ ပစ္စည်းတွေထားဖို့အခန်းလိုတယ်မလားပန်းအခန်းကိုဆက်ငှားလို့ရတယ် ပန်းကအလုပ်နဲ့နီးလို့တိုက်ခန်းမှာနေနေတာလေအလုပ်မရှိတော့ဘူးဆိုတော့ပန်းမြို့ထဲက အဆောင်လေးပဲငှားနေပြီးအရင်အွန်လိုင်းစျေးဆိုင် လေးပြန်လုပ်မလားလို့ပါ"
"အာ မဟုတ်တာ ပန်းအိပ်ဖို့တစ်နေရာစာတော့ စင်ဒီပေးနိုင်ပါတယ်ဘယ်မှမပြောင်းရဘူးစင်ဒီနဲတူတူလာနေပန်းသွားတော့စင်ဒီတယောက်တည်းလည်းပျင်းတာပေါ့ပန်းရယ် စင်ဒီဆီမှာနေဘယ်မှမပြောင်းနဲ့"
YOU ARE READING
ကာရံမဲ့မုန်တိုင်း
عاطفيةမိန်းမတစ်ယောက်ကြောင့်ဘဝပျက်အိမ်ထောင်ကွဲပြီးမိန်းမတွေအပေါ်မယုံကြည်တော့တဲ့သူနှလုံးသား ကို နောက်တကြိမ်ပြန်ပြီးချစ်တတ်လာအောင် သူမ ဘာတွေပြန်လုပ်ပေးမှာလဲ