အပိုင်း(၃၀)

670 6 0
                                    

စိတ်တွေယောင်ချာချာဖြင့်သူမ ကျောင်းရှေ့မှာစောင့်ရတာလည်း  တစ်ပတ်ပြည့်တော့မည် သူမရဲ့ အရိပ်ရောင်တောင်မတွေ့ ကျွန်တော့်ကို သူမကျောင်းကလူတွေတောင် မှတ်မိနေလောက်ပြီ

"ဟေး ခဏနေပါဦး မင်းက ပန်းသူငယ်ချင်းမလား"

ပန်းလိုပဲ အရပ်ပုပုသေးသေးလေးနဲ့ ပုံစံက ခပ် ဆင်ဆင်လေးကြောင့် ပလာဇာမှာတွေ့ဖူးသည့် ထိုကလေးမလေးကို မှတ်မိနေသည် သူမ ကျောင်းထဲက ထွက်လာတော့ ကားပေါ်က ဆင်းပြီး  အပြေးသွားလိုက်သည်

"အကိုကြီးက ......မြင်ဖူးသလိုလို"

"အော် ဟိုတခါ ပလာဇာမှာ ဆုံဘူးတယ်လေ မမှတ်မိဘူးလား မင်းက ပန်းသူငယ်ချင်းမလား ပန်းဖုန်းလည်းဆက်ပိတ်ထားတယ် ကျောင်းလည်းမလာဘူးလားဟင် ကျွန်တော် အရမ်းစိတ်ပူနေလို့ပါ ဟောဒီ"

"ရတနာပါ"

"အင်း ရတနာက ကူညီနိုင်မလားလို့ဗျာ ကျွန်တော် သူ့ကိုတောင်းပန်ချင်လို့ပါ"

"ခက်တာပဲ ပန်းနဲ့ အဆက်သွယ်မရဘူးရှင့် သူက ကျာင်းလည်းထွက်သွားပြီ"

"ဘယ်လို ကျောင်းထွက်တယ် ဟုတ်လား"

"ဟုတ်ပါတယ် သူက ဆရာဝန်တယောက်နဲ လက်ထက်ဖို့ နယ်ပြန်သွားတာပါ"

"အော် အဲလိုလား ကျေးဇူးပါ ကျွန်တော်နားလည်ပါပြီ"

လျောက်လာသည့် ခြေလှမ်းတွေ လေးလံထိုင်းမှိုင်းကုန်သည် အရာရာဟာ အားလုံးနောက်ကျခဲ့ပြီ ရှင်းပြဖို့ အချိန်တခုတောင် မထိုက်တန်တော့ပါလား အားလုံးနောက်ကျခဲ့ပြီ ပန်းရယ် မင်းကိုယ့်ကို နည်းနည်းတောင့်မစောင့်ပဲ...အဲလောက်ထိလုပ်ရက်လိုက်ပြီလားကွာ

လွန်ခဲ့သော ၄ရက်

"ဟယ် ဒုက္ခပါပဲဦးကောင်းက ကျောင်းရှေ့မှာ ငါ့ကိုထပ်ပြီးကျောင်းမှာပါ အရှက်ကွဲစေချင်တာလားမသိ မဖြစ်ဘူး ရတနာ့ကို ကြိုပြောထားမှာဖြစ်မယ်"

အတန်းထဲ ပြေးဝင်ပြီး ရတနာ့ဆီပြေးသွားလိုက်သည်

"ရတနာ ခဏ ငါပြောစရာရှိတယ်နင် ဦးကောင်းနေဇွဲကို မှတ်မိလား ငါ့အလုပ်ရှင်လေ ဟိုတစ်ခါ ပလာဇာမှာ ဆုံဘူးတယ်လေ"

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now