စိတ်ညစ်ညစ်ဖြင့် အရက်တွေချည်း လှိမ့်သောက်နေမိသည် ဖုန်းကိုင်မလားလို့ အဆက်မပြတ်ခေါ်နေသော်လည်း သူမ ဖုန်း ဆက်သွယ်မှု ဧရိယာပြင်ပနဲ့သာ တိုးနေသည် မင်္ဂလာဆောင် ပြီးပြီးချင်းလည်း သူမ ဖုန်းက ခေါ်မရ ပြင်ဆိုင်ပို့ထားသည်သာ ပြောသည် နှစ်သစ်ကူး ရုံးပိတ်ရက်တွေရောက်လာတာတောင် ဖုန်းကခေါ်မရပဲဖြစ်နေကာ ဖုန်းခဏခဏပျက်နေတာများလား တောင်းပန်ဖို့စိတ်ဆန္ဒရှိသော်လည်း မေမေကြောင့် ခက်ခဲနေခဲ့သည် မေမေတို့ မေ့လောက်ပြီထင်ပြီး အရမ်းမတင်းကျပ်တော့မှ သူမ့တိုက်ခန်းဘက် အမေတို့မသိအောင် တိတ်တိတ်လေး taxi ငှားပြီး ခိုးထွက်လာခဲ့လိုက်သည်
တိုက်ခန်းပေါ်ထိ တက်ဖို့လည်း မဝံ့မရဲဖြစ်နေသည်မို့့အောက်ကပဲ ပဲ ဝရံတာလေးကို မျှော်ကြည့်နေမိသည် သူမ အခန်းလေးမီးလင်းလာမလား သူမ ရှိနေမလား ဆိုသည့် မျှော်လင့်ချက်နဲ့ စောင့်နေမိသေးသည်
"ဗွမ်း"
ဘေးအခန်းအပေါ်ကပုံးကြီးဖြင့် ရေတွေသွန်ချလိုက်တာကြောင့် လူတကိုယ်လုံး စိုရွှဲသွားသည်
"ဟေး မင်း ဘာလုပ်တာလဲ အောက်မှာ လူတယောက်လုံးရှိနေတာ မမြင်ဘူးလား ၆နာရီကျော်ရင် ရေမကစားရတော့ဘူးဆိုတာမသိဘူးလား"
"အယ် ဆောရီး သူခိုးကပ်တယ်ထင်လို့"
မီးရောင်အောက်မှာဆိုသော်လည်း အောက်ငုံ့ထား တာကြောင့် ညီ့မျက်နာက အမှောင်ကျပြီး သဲသဲကွဲကွဲ မမြင်ရ ထိုအမျိုးသမီးကတော့ မီးအလင်းရောင်ဘက် ထွက်လိုက်တာမို့ အထင်းသားမြင်နေရသည်
"ဒီလို ကိုရီးယားမင်းသား လီမင်ဟို လို ရုပ်မျိုးကို သူခိုးနဲ့ မှားစရာလား အေး မင်းဆင်းလာပြီး တောင်းပန် မဟုတ်လို့ကတော့ ရပ်ကွက် ရုံးသွားတိူင်မယ်"
"အောင်မယ် ရှင့်ကို မှောင်ရိပ်ခိုမှုနဲ့ ပြန် တိုင်လိုက်လို့ဂိသွားမယ်ဒီခေတ်က ရုပ်လေးက သန့်သန့်ပြန့်ပြန့်လည်း မယုံရဘူး မထင်ရင် မထင်သလို ခိုးဝှက်နေကြတာ မတော်လို့ရှင့်လက်ထဲက ဓားပါနေရင် ကျွန်မက သေနေဦးမယ်"
"ဟာ မင်းစော်ကားတာများနေပြီ ဒီမယ် ငါက ဆရာဝန်ဟ အဲဒီလိုအလုပ်မျိုးတွေမလုပ်ဘူး ငါ့သူငယ်ချင်းများရှိမလားလို့ လာရှာတာ"
YOU ARE READING
ကာရံမဲ့မုန်တိုင်း
Romanceမိန်းမတစ်ယောက်ကြောင့်ဘဝပျက်အိမ်ထောင်ကွဲပြီးမိန်းမတွေအပေါ်မယုံကြည်တော့တဲ့သူနှလုံးသား ကို နောက်တကြိမ်ပြန်ပြီးချစ်တတ်လာအောင် သူမ ဘာတွေပြန်လုပ်ပေးမှာလဲ