အပိုင်း(၄၀)

708 6 0
                                    


သူငယ်ငယ်က ဆင်းရဲခဲ့တာလား"
ဦးကောင်းအင်တာဗျူးမှာ သူဖြေတာလေးကြည့်လိုက်တော့ စိတ်ထဲမှာတော့ မကောင်း ငယ်ငယ်တည်းက  ဘော်ကြော့နေလာသူလို့ ထင်ခဲ့မိတာကြောင့် အောက်ချေလွတ်သူလို့ထင်ခဲ့ မိသည် အတွေးတွေက ဘာလို့သူ့ဆီရောက်နေရတာလဲ...ဘေးကနေ မြတ်နိုးကတော့ ဖုန်းကို အာရုံစိုက်မပျက်

"လက်ရှိကောင်မလေးတော်တော်များများ ကိုကောင်းနေ့ဇွဲရဲ့ အချစ်ရေးကို စိတ်ဝင်စားနေကြတယ်နော် အချစ်ရေးလေး ပြောပြပေးပါဦး ကောင်မလေးတော့ ရှိတယ်မလား"

"ခက်တာပဲ ခုလက်ရှိ ကျွန်တော် ကောင်မလေးမရှိဘူး လို့ပဲပြောရမလား အလုပ်ထဲ စိတ်နှစ်ထားတော့ ကောင်မလေးရှာချိန်ကို မရှိဘူးဖြစ်နေတယ်"

"ဟယ် ချစ်သူ မရှိဘူးတဲ့"

ရုတ်တရက်သူ့အချစ်ရေးအကြောင်း စိတ်ဝင်တစားပြန်ကြည့်နေမိကာ သူဘာကြောင့် မိန်းမ ရှိလျက်နှင့်မိန်းကလေးမရှိဘူးလို့ ဖြေတာလည်း... သိပ်တော့သဘာဝမကျ ထိုအဖြေကို စိတ်ထဲထင့်နေမိသည် တကယ်လို့သာ မိန်းမ ရှိနေတယ်ဆိုတာ မှန်ရင် သူ အဲလိုဘာလို့ဖြေမလဲ မိန်းမနဲ့ ပြသနာတက်မှာပေါ့ ဒါဆို ဟိုမိန်းမ ငါ့ကိုပြတဲ့ လက်ထက်စာချုပ်နဲ့ မင်္ဂလာဓာတ်ပုံကကော သူတို့ကဘယ်လိုတွေလဲ တဖြည်းဖြည်း ပိုသိချင်လာမိသည် ကောင်းနဲ့ကျွန်မကြားမှာ မသိသေးတဲ့ အကြောင်းရာ တခုများရှိနေတာလား ဒါဆို ဟိုနေ့က မိန်းကလေး ကရော  ရူးတော့မယ် ဘာတွေလဲ စဉ်းစားရင်းခေါင်းခြောက်လာမိသည်

"အဲဒါဆိုဘယ်လို မိန်းကလေးမျိုးကို ကိုကောင်းနေ့ဇွဲက သဘောကျလည်း"

"ကျွန်တော် သဘောကျတဲ့ မိန်းကလေးက လူလှဖို့ထက် စိတ်ထားလှရမယ် ပိုက်ဆံ ချမ်းသာဖို့ထက် စာရိတ္တချမ်းသာရမယ် ပြီးတော့ ပိုက်ဆံတန်ဖိုးကို သိပြီး ဘယ်လိုဘဝနေနေရောင့်ရဲတင်းတိမ်နိုင်တဲ့ ကျွန်တော့်ကို တကယ်ချစ်နိုင်တဲ့သူပဲ ဖြစ်ရမယ်ဗျာ"

ပန်း တချက်လေးပြုံးမိသွားသည် သူမ ဘာလို့ ပြုံးလိုက်မိတာတော့ သူမ ကိုယ်တိုင်လည်းမသိ

"ပန်းရယ် ချောလိုက်တာနော် ကြည့်ပါဦး  လက်ချောင်းလေးတွေကောဖွေးပြီးသွယ်နေတာပဲ နှုတ်ခမ်းလေးကလည်း ရဲလို့ မျက်နာလေးကလည်း ဖွေးသန့်လို့ မျက်နာက သွေးကြောလေးတွေတောင် မြင်နေရတယ် နုဖတ်နေတာပဲ အိုး ငါတော့ ရူးတော့မှာပဲ"

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now