"ဟာ နန်းလေးတို့ပါလား ဒါသင်္ကြန်ပိတ်ရက်ထပ်လာကြတာပေါ့လေ""ဟိုတခါက မေမေနဲ့ဒီတခါသူငယ်ချင်းတွေနဲ့ ကိုကိုဒီရောက်နေတယ်ဆိုလို့ ကိုကိုတို့များလျှော်ချက်
ချောင်းသာရောက်တာတောင် နန်းကို မပြောဘူး ဒါကြောင့် ဒုက္ခပေးမလို့လာတာ""မဟုတ်ဘူးနန်းလေးရေ ဆရာကနေမကောင်းဘူးဗျ မနေ့ကမှမူးလဲသွားလို့ဆေးချိတ်ထားရတာ"
"အယ် ကိုကိုနေမကောင်းဘူး ဘယ်လိုဖြစ်တာတုန်း ဘယ်မှာတူန်းကိုညီစိုး နန်းလေးကို လိုက်ပို့ဦး နင်တို့ အရင်ဝင်နှင့် ငါကိုကို့ဆီ ခဏသွားဦးမယ်"
"ဒေါင့်နားကအခန်းပဲ နန်းလေးဝင်သွားလိုက် အလုပ်ကိစ္စတွေရှိသေးလို့အောက်ပြန်သွားရဦးမယ် သူ့့ကောင်မလေးလည်းရှိတယ်"
"ဘလို ဘလို သူ့ကောင်မလေးရှိတယ်ဟားဟား မဖြစ်နိုင်တာ"
အခန်းတံခါးက ပိတ်ထားသည်ဆိုရုံလေဲးမို့ နန်းလေး အသာလေးဝင်သွားလိုက်သည်
"ဟာ ဘယ်က ဘယ်လိုရောက်နေတာလဲ နန်းလေး"
"ကိုကို နိုးနြေ့ပီလား ဒီကိုအပန်းဖြေထွက်လာတာ ကိုကိုနေမကောင်းဘူးဆိုလို့လာကြည့်တာ နေဦး ဆန်ပြုတ်နွှေးထားတယ်သောက်လိုက်ဦးညီမလေးတိုက်မယ်"
Reception ကို အခန်းသော့ပေးခဲ့ပြီး ကောင်းနိုးနေရင် ဗိုက်ဆာနေတော့မှာပဲဆိုသည့် အတွေးဖြင့် ဟော်တယ်ကိုမန်းကတန်းပြေးလာလိုက်သည် အခန်းတံခါးဟနေတာ ကြောင့် ဝင်မလို့ပြင်လ်ိုက်ပြီးမှ သူ့ကုတင်ဘေးစောင်းမှာ နောက်ကျောပေးထိုင်ထားပြီး ကောင်းကို ဆန်ပြုတ်ခွံ့နေတဲ့မိန်းကလေး ကောင်းကလည်း နေမကောင်းသည့်မျက်နာထက်ပိုလန်းဆန်းနေသလို ၂ယောက်သားပြုံးရယ်နေသည် သူတို့၂ယောက်ဆက်ဆံရေးက လိုအပ်တာထက်ပိုရင်းနှီးနေသည်
"ပန်း"
ကောင်းက တံခါးဘက်ကို တချက်လှမ်းကြည့်ပြီး ပန်းကိုမြင်မြင်ချင်းလှမ်းခေါ်လိုက်တော့ ချက်ချင်းအခန်းပေါက်ဝနေ ပြေးထွက်လာခဲ့လိုက်သည် မျက်လုံးထဲမှာလည်း အလိုက်မသိကျလာတဲ့မျက်ရည်စက်တွေ ဒီလိုငိုခဲ့ရတာဘယ်နှစ်ကြိမ်ရှိပြီလဲ ငါကိုက အမှတ်မရှိတာပါ
YOU ARE READING
ကာရံမဲ့မုန်တိုင်း
Storie d'amoreမိန်းမတစ်ယောက်ကြောင့်ဘဝပျက်အိမ်ထောင်ကွဲပြီးမိန်းမတွေအပေါ်မယုံကြည်တော့တဲ့သူနှလုံးသား ကို နောက်တကြိမ်ပြန်ပြီးချစ်တတ်လာအောင် သူမ ဘာတွေပြန်လုပ်ပေးမှာလဲ