"ဆရာမ မေ နေကောင်းတယ်မလား အရေးတကြီးဖုန်းဆက်ခေါ်လို့ ကိစ္စတော့ထူးမယ်ထင်တယ် ကျွန်တော်လည်း ဒီရက်ပိုင်းအလုပ်တွေရှုပ် စိတ်တွေရှုပ်နဲ့ ြမြို့သစ်အိမ်ကို မလာဖြစ်ဘူး"
"မေက ကျွန်မ မနက်အိပ်ယာနိူးတည်းက မရှိတော့ဘူး"
"ဘယ်လို မေ မရှိတော့ဘူး ဟုတ်လား"
မျှော်လင့်မထားတာကြောင့် အသံက လိုအပ်တာထပ်ပိုကျယ်သွားတာမို့နည်းနည်းပြန်တိုးလိုက်ရသည်
"ဘယ်လိုဖြစ်တာလဲ"
"စာလေးတစောင်တော့ ထားခဲ့တယ် မောင်လေး အဲဒါလာပေးတာ"
"ဟုတ်ဟုတ် ကျေးဇူးပါဗျ"
သူနာပြုဆရာမ ထွက်သွားသည် အထိ ထိုစာရွက်ကို ကိုင်ပြီး မှင်သက်နေခဲ့သည် စာအိတ်ကိုဖောက်ပြီး အထဲကတော့ မေ့ရဲ့ လက်ရေး သေချာပါသည်
"င်္ဇွဲရေ မေ့အပေါ်ကို ကောင်းပေးခဲ့သလောက် မေ ဇွဲအပေါ်ကို နည်းနည်းလေးတောင်မကောင်းခဲ့ဘူးနော မေ သက်သာလာပြီး အရာအားလုံးပြန်မှတ်မိတဲ့ချိန်မှာ မေသိပ်ရှက်တယ်သိလား ဇွဲက မေ ခုလိုဖြစ်တဲ့ချိန်မှာ စောင့်ရှောက်ပေးနေတယ်ဆိုတာသိရတော့ မေ ပိုတောင်စိတ်မကောင်းမိသေးတယ် ဇွဲက မေ့ကို သဘောရိုးရိုးနဲ့ ကူညီခဲ့တာ မေသိပေမဲ့ ဇွဲတို့ လင်မယား အဆင်မပြေဖြစ်တာကို မေ မလိုလားပါဘူး မေ့ကြောင့် ပန်းက ဇွဲကို အထင်မလွဲစေချင်တော့ဘူး ဆက်နေဖို့လည်းမသင့်တော့ဘူးလေ အခြေနေတွေက ပိုရှုပ်ထွေးလာတော့မယ် ဒါကြောင့် မေ ထွက်သွားတော့မယ် မေရဲ့ တစ်က်ိုယ်ကောင်းဆန်မှုတွေက မေ့ကို ဒဏ်ခတ်ခဲ့ပါပြီ ခုလည်း ဆပ်မကုန်တဲ့ကျေးဇူးတွေနဲ့ ဂါရဝပြုရှိခိုး လ်ိုက်ပါရစေ ဇွဲ ရေ Good bye"
တချိန်က.........မေ"
မေ အမှားကိုခွဲခြားသိမြင်ပြီး အမှန်တရားကို မြင်တတ်အောင်ကြည့်နိုင်တဲ့ဘဝမှာပြန်လည်ရှင်သန်ပါ မင်းရဲ့ ဘဝလေး ဒီထက်လှပဖို့မျှော်လင့်ပါတယ်
နေဝင်ရီတရောအချိန် ဆည်းဆာအလှက ပင်လယ်ကြီးရဲ့အလှကို ပို၍အားဖြည့်ထားသလိုဖြစ်နေသည့် ပင်လယ်ကမ်းခြေ၏နေဝင်ချိန်ကို ကျွန်တော်သဘောကျသည် ဘာလို့လဲဆိုတော့
နေမင်းကြီးဟာ ခဏတာပဲ နှုတ်ဆက်ပျောက်ကွယ်ပြီး မနက်ကျ ကျွန်တော်တို့ဆီ အလင်းပေးဖုိ့ ူပြန်လာစမြဲလေ အဲဒီလိုပဲ ကျွန်တော်ချစ်သည့်သူမ ကလည်း ကျွန်တော့်ကိုခဏတာပဲ နှုတ်ဆက်ပြီး သူမ သတိရ ရင် ကျွန်တော့်ဆီကိုပြန်လာရင် ကောင်းမာပဲလို့ တွေးမိနေတိုင်း နေဝင်ချိန်တွေကို ကျွန်တော်သဘောကျတတ်လာသည်
YOU ARE READING
ကာရံမဲ့မုန်တိုင်း
Romanceမိန်းမတစ်ယောက်ကြောင့်ဘဝပျက်အိမ်ထောင်ကွဲပြီးမိန်းမတွေအပေါ်မယုံကြည်တော့တဲ့သူနှလုံးသား ကို နောက်တကြိမ်ပြန်ပြီးချစ်တတ်လာအောင် သူမ ဘာတွေပြန်လုပ်ပေးမှာလဲ