စိတ်တွေ အရမ်းရှုပ်နေသည်မို ဒယ်ဒီနေကောင်းသည်နဲ့ နေနေကျတိုက်ခန်းလေးပဲ ပြန်လာမိ၏
ကိုယ်မပြောပဲ မိဘတွေသိသွားသည်ဆိုတော့လည်းတမျိုးတော့ကောင်းသည်
အထူးတလည် ရှင်းပြနေစရာမလိုတော့ ပြောဖို့ဝန်လေးနေမှာလည်း စိုးရိမ်စရာ မရှိ ခြေပစ်လက်ပစ် ဆိုဖာပေါ်မှီလ်ိုက်ပီး စီးကရက်ငွေတွေကို အပေါ်ကို ရှိုက်ထုတ်ပြီး အတွေးနယ်လွန်သော ခံစားမှုမျိုးကို ခံစားရင်းဒုန်းဒုန်းဒုန်း
"ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ delivery service ကပါဗျ ပစ္စည်း လက်ခံကြောင်း လက်မှတ်လေး ထိုးပေးပါခဗျ"
"အမ် ကျွန်တော် ဒီရက်ပိုင်း ဘာမှ မမှာမိပါဘူး"
"ဟုတ်အကိုနာမည် ဦးကောင်းနေ့ဇွဲဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ်"
"ဟုတ် အကို့နာမည်နဲ့ ရောက်လာလို့ လာပို့တာပါခဗျ သွားလိုက်ပါဦးမယ် ပျော်ရွှင်စရာနေ့ရက်ဖြစ်ပါစေဗျာ"
ရုတ်တရက်ဆိုတော့ကြောင်သွားသည် ဒီတိုက်ခန်းမှာနေတာ ဘယ်သူမှတောင် မသိ သူ့နာမည်သိနေတော့ ပို အံ့သြမ်ိသည် ဘာနေနေ ဖွင့်ကြည့်လိုက်တာကောင်းမယ်
"Happy birthday ဦးကောင်းနေ့ဇွဲ"
အမ် ဒီနေ့ ငါ့မွေးနေ့ပါလား အလုပ်တွေများတော့ မေ့တောင်နေကာ ကိတ်လေးမြင်မှ
ပြုံးမိသွား၏ တစ်ခါမှ ဒီလိုမျိုးအရေးတယူလုပ်ပီး ကိုယ့်မွေးနေ့ကို မှတ်မိနေသူတောင် မရှိ မွေးနေ့ကိတ်ကလည်း အပေါစားတော့မဟုတ် သေချာကို ပြင်ဆင်ထားမှန်းသိသာသည် နှုတ်ခမ်းမွေးနဲ့ လူဆ်ုးလိုလို ကာတွန်းရုပ်ကဆွဲထားသေးသည် စိတ်ညစ်နေတာတောင်ပျောက်ပြီး ပြုံးမိသွားသည်အရမ်းတော့သိချင်မိသည် ဒီ ကိတ်ကို ဘယ်သူပေးလဲဆိုတာတော့"ဟဲလို အကိုကြီး ဘာကိစ္စရှိလို့လဲ"
"ဒီနေ့ ဘာနေ့လဲ သိလား သန်းဇော်"
"ဒီနေ့ ကြာသပတေးနေ့လေ"
"ကြာသပတေးမှန်းတော့သိတာပေါ့ ဘာနေ့လဲလို့"
"အာ အကိုကြီးက အရေးထဲ လာစားနေတယ်ဗျာ ဒီမှာ ပုသိမ်ရုံးခွဲရောက်နေပါတယ်ဆို"
YOU ARE READING
ကာရံမဲ့မုန်တိုင်း
Romanceမိန်းမတစ်ယောက်ကြောင့်ဘဝပျက်အိမ်ထောင်ကွဲပြီးမိန်းမတွေအပေါ်မယုံကြည်တော့တဲ့သူနှလုံးသား ကို နောက်တကြိမ်ပြန်ပြီးချစ်တတ်လာအောင် သူမ ဘာတွေပြန်လုပ်ပေးမှာလဲ