ကိုယ့်ကိုကိုယ် မိန်းကလေးတစ်ယောက်ဆိုတာတောင် မေ့ပြီး သူ့မြင်တော့ ဘီယာဆိုင်ထဲ လှစ်ခနဲ ပြေးဝင်လိုက်မိ၏ မိုးလည်းရွာပြီး ဆိုင်လည်း ပိတ်တော့မှာကြောင့် လူတွေရှင်းနေသည်
လက်ဘက်ရည်ဆိုင်တောင် မုန့်သွားဝယ်ဖို့ဝန်လေးသည့်သူမ ကိုယ်တိုင်လည်း ယောက်ျားတယောက်ကြောင့် ဘီယာဆိူင်ထိ ညအချိန်မတော် လိုက်သွားရဲသည့် သတ္တိကိုတော့ အံ့သြနေမိသည်မှာ အမှန်ပင်"အယ် ကိုကြီးရယ် ဘာတွေကြောင့် ဒီလောက်တောင်သောက်ရတာလဲ"
သူက အမူရာကလွဲပြီး စကားတောင် ပြန်ပြောနိုင်တော့မည်မထင် ခေါင်းသည် စားပွဲပေါ်သို့ ငိုက်စိုက်ကျနေပြီ
"ဟိုလေ ညီမလေး ပိုက်ဆံလေးရှင်းပေးပါဦးခဗျ ဆိုင်လည်း ပိတ်တော့မှာမို့"
ပိုက်ဆံ ပိုက်ဆံဆိုလို့ ကမန်းကတန်းပြေးထွက်လာရတာ တက်စီသမားပြန်အမ်းသော သုံးထောင်သာ လက်ထဲရှိသည်
ဘေက တသိန်းကျော် ဘုရားရေ ဒီလောက်ပိုက်ဆံ ငါဆို တလလောက်ချွေတာ သုံးရတာ တက်စီလည်းစီးလေ့စီးထမရှိ တက်စီဖိုးပေးရသည်မှာ မိမ်အတွက်တော့စျေးများသည်ဟူ ယူဆမိသည် သူ့ကြောင့်သာ"ဟင်"
အိတ်ထောင်ထဲက ပိုက်ဆံအိပ်ရယ် သော့တွေရယ် ခေါင်းငိုက်စိုက်နဲ့ထုတ်လိုက်ရင်း သူမကို လှမ်းပေးလိုက်၏
ဘေအအမ်းစောင့်နေရင်း ရုတ်တရက် သူ့ကားလိုင်စင်က ထွက်ကျသည်မို့ သူ့နာမည်တောင် ခုထိ မသိသေးတော့ စိတ်ဝင်တစား ဖတ်မိသွားသည်
"ဦးကောင်းနေ့ဇွဲ ဇွန် ၂၀ အယ် သူ့မွေးနေ့ကမလိုတော့ပါလား ငါ့ထက် ၁၀နှစ်နီးပါတောင် ကြီးတယ် ဦးလေးကြီး ဒီလို ဦးလေးကြီးများငါဘာတွေ ကြွေစင်းနေမိလဲမသိဘူး"
စားပွဲထိုးဆိုသည်မှာလည်း ငွေလာယူတာသာမြန်သည် အအမ်းစောင့်ရတာ တက်စီ ဒရိုင်ဘာက ဆဲတော့မည်
သူ့ ခန္တာကိုကြီးတွဲရတာလည်း မသက်သာ ကိုယ့်အရပ်တောင် မြေကြီးထဲဝင်သွားပလားမသိ ဟူးလေးလိုက်တဲ့ ခန္တာကိုယ်ကြီး တက်စီဦးလေးကြီးကတော့ မနေသာလို့ လာတွဲပေးရှာပါသည်"ဦးလေးရေ ရှေ့တလမ်းဆိုရောက်ပြီရယ် တိုက်ခန်းတွေနားရောက်ရင် ရပ်ပေးပါနော်"
YOU ARE READING
ကာရံမဲ့မုန်တိုင်း
Storie d'amoreမိန်းမတစ်ယောက်ကြောင့်ဘဝပျက်အိမ်ထောင်ကွဲပြီးမိန်းမတွေအပေါ်မယုံကြည်တော့တဲ့သူနှလုံးသား ကို နောက်တကြိမ်ပြန်ပြီးချစ်တတ်လာအောင် သူမ ဘာတွေပြန်လုပ်ပေးမှာလဲ