အပိုင်း(၅၈) the end

1.9K 18 2
                                    

သော့အပိုဖြင့်အိမ်ထဲဝင်လိုက်တော့အထီးကျန်ခြင်းတွေကဦးစွာကြိုဆိုနေ၏ ကိုကိုစိတ်ညစ်တိုင်းအပန်းဖြေတတ်သော ရေကူးကန်လေးဟာလည်းငြိမ်သက်လို့အလုပ်သမားတွေတောင်မရှိတော့ပဲ အားလံးခြောက်သွေ့နေခဲ့ပြီ

တစ်ချိန်ကပစ္စည်းလာပို့ရင်းအားကျခဲ့ရသောခမ်းနားကြီးကျယ်သောနန်းတော်ပမာအိမ်ကြီး၏ အရှင်သခင်မ ဖြစ်လာမည် လို့တခါမှမတွေးဖူးခဲ့ လူတန်းစေ့နေနိူင်အောင်လူကုန်ထံအသိုင်းဝိုင်းထဲဆွဲခေါ်ပေးခဲ့သည့်ကိုကို ......ဒီအချိန်မှာ ကျွန်မကျေးဇူးလည်းတင်မိသည် သတိလည်းရသည်
ခံပြင်းစိတ်နဲ့သာနေနေရပေမဲ့ ကိုကို့ကို မပတ်သက်ပဲနေရသည့် အချိန်တွေမှာ ကျွန်မအရမ်းပင်ပန်းလွန်းလှ၏...မာနကြောင့်သာ အချစ်တွေကိုခဏသိမ်းဆည်းထားပေမဲ့ ကျွန်မရဲ့မနက်တိုင်း ကိုကို့ကို သတိရတဲ့စိတ်တွေနဲ့သာ နိူးထခဲ့ရတာ ကိုကိုမသိခဲ့လေခြင်း

တိတ်ဆိတ်ခြင်း ငြိမ်သက်ခြင်း အထီးကျန်ခြင်းတွေပြည့်နေသည့် အိမ်ကြီးထဲမှာ ကျွန်မတယောက်တည်း ကိုကိုအလုပ်လုပ်နေကြစားပွဲလေးမှာလည်း ကိုကိုပုံရိပ်တွေဝိုးတဝါးမြင်လိုက်သလိုလို ပေမဲ့ ကိုကိုကတော့ရှိမနေပါ ......သတိရစိတ်တွေပြည့်နေသည့် စိတ်ဖြင့် ခြေလှမ်းတွေသည် ကိုကို့အခန်းဆီလျှောက်လာမိသည် လက်မထက်ခင်က ကိုကိုလူလွတ်ဘဝက တစ်ယောက်တည်းနေခဲ့သောအခန်းကို ကိုကို့၏ ဇနီးတယောက်ဖြစ်လာသည်ထိ ကျွန်မတခါမှဝင်မကြည့်ခဲ့လောက်အောင် ကိုကို့ ကိုယ်ရေးကိုယ်တာကိုအလေးထားသည် သို့ပေမဲ့  အခုချိန် ကိုကိုနှင့် ပတ်သက်သည့် အရာမှန်သမျှ ထုတ်မပြောခဲ့သောအရာအားလူံးကို ပန်း အရမ်းသိချင်မိသည် သိဖို့လည်းလိုနေသည် ဒါကြောင့်ကိုကို့အခန်းထဲဝင်ပြီးသိချင်တာတွေရှာမှရမည်

ကိုကိုနေတာထိုင်တာသန့်ရှင်းသပ်ရပ်သည် ပြောရမည် အန်တီသက်က ကိုကိုက သူ့အခန်းကို သူဘာသာသန့်ရှင်းရေးလုပ်တတ်တာကြောင့် တခြားသူဝင်တာလည်းမကြိုက်ဘူး သန့်ရှင်းရေးဝင်လုပ်တာမကြိုက်ဘူးလို့လည်းပြောဖူးသည် ယောက်ျားလေးတယောက်နေသည့် အခန်းလို့တောင်မထင်ရ ဖုန်တစက်မရှိ အခန်းတွင်းပရိဘောဂအားလုံးဟာပြောင်လက်နေသည် ဒီနေ့က ပန်း ပထမဆုံးကိုကို့အခန်းကိုရောက်ဖူးချင်းသာ

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now