အပိုင်း(၃၆)

523 8 0
                                    

"ကိုကို အမ်မလီတို့ လုပ်တာ မမေသူ ပေါ်မတရားဘူးထင်တယ်နော်"

"ဘေဘီ လောက မှာ မတရားဘူးဆိုတာမရှိဘူး ဒီခေတ်မှာ ကိုယ်ညံ့ရင် ကိုယ်ခံရမှာပဲ မတတ်နိုင်ဘူး ကိူယ်တို့လည်း အဆင်မပြေဘူး လေ ဘယ်တတ်နိုင်မလဲ သူ့မှာ ကုမ္ပဏီနဲ့ ဘဏ်ထဲမှာလည်း ငွေတွေ ရှိဦးမှာပါ အိမ်တအိမ်လောက်နဲ့ ဘာမှ ဖြစ်မသွားပါဘူးကွာ"

"သူခု အမ်မလီတို့ကို လိုက်စူံစမ်းနေပြီလားမသိဘူးနော်"

"ဟင့်အင်း ကို တစ်နှစ်နေလို့မှ ချေးငွေမပေါ်ရင် အိမ်ကို သိမ်းဖို့ပြောထားတယ် တစ်နှစ်လိုသေးတယ် အပေါင်ခံတဲ့  ဘဏ်သူဋ္ဌေးကလည်း ကိုယ့်လူယုံဖြစ်တဲ့ chang နဲ့ အရမ်းရင်းနီးနေတော့ ပို အဆင်ပြေတယ်   Chang ကလည်း အလုပ်ကိစ္စတွေပြီးမှ abroad လာလို့ရမှာဆိုတော့ တစ်နှစ်လောက်  ရက်ချိန်းပေးခိုင်းထားတာ... မေသူ အခုလက်ရှိ သိလည်းမသိနိုင်တော့ဘူးလေ အေးဆေးပါ ကိုကို က chang ဆီ စာချုပ်စာတမ်းတွေအကုန်ပေးထားခဲ့တာ...  ကိုက ထောင့်မစေ့ရင် ဘယ်အရာမှ မလုပ်တတ်ဘူးဆိုတာ ဘေဘီလည်း သိနေတာ ခုဆို  သူနောက်ဘဲ တစ်ယောက်နဲ့ ပျော်ပါးနေမှာပါ အဲလိုမိန်းမမျိုးက  အသိတရားလည်း ရမဲ့ပုံမပေါ်ဘူး"

"ဘာလဲ နောက်ဘဲနဲ့ပျော်တာကို သဝန်တိုနေတာလား"

"အာမဟုတ်ပါဘူး ကိုယ့်ဘေဘီကိုပဲ ချစ်တာပါကွာ "

စိတ်ထဲမှာတော့ တာဝန်မကျေခဲ့သလို ခံစားမိတာ အမှန် သို့ပေမဲ့ မြန်မာနိုင်ငံထဲ အမှန်တိုင်းဝန်ခံပြီး အဖမ်းခံမလား ဒီလို အေးအေးချမ်းချမ်းနဲ့ ကောင်းအောင်နေပြီးဘဝကို အဆုံးသတ်မလားလို့တွေ့ကြည့်ရင်တော့ လူတိုင်း အေးချမ်းတဲ့ လမ်းကို ရွေးချင်ကြတာချည်းပဲ ......
မေ့ကို ကို တောင်းပန်ပါတယ် ကိုယ်ဆင်းရဲမှာ သိပ်ကြောက်တယ် အဲဒါ ကို့ဘဝမှာ မဖြစ်ချင်ဆူံးအရာပဲ မသမာတဲ့နည်းနဲ့ မင်းဆီက ယူခဲ့မိတယ်ဆိုရင်တောင် နောက်ဘဝမှပဲ မင်းဆီမှာ ကိုယ်ဆပ်ပရစေ ကို အားလူံးပေါင်းပြီး ခံပါရစေ မေ ဒီဘဝမှာတော့  ............

"မမျိုး မေသူလှလား"

"မမလေး ဆေးရုံသွားမှာမလား အလှတွေက ဘာလို့အဲလောက်ပြင်ထားတာလဲ အင်ကျီကလည်း အရမ်းဟိုက်...ဟိုက်"

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now