အပိုင်း(၄၇)

533 5 0
                                    

duty ပြီးတာနှင် အရင်ကသောက်နေကျ bar မှာပဲဝင်ထိုင်လိုက်သည် လှောင်အိမ်ထဲကငှက်ပမာဖြစ်နေသည့် ကိုယ့်ဘဝကိုလည်းမုန်းတီးနေမိသည်

"မေမေသားဘဝကိုမစီမံပါနဲ့ဗျာ သား သက်ကို တကယ်ချစ်တာ သူ့ကိုပဲယူမှာ"

"ထပ်တူရ မင်းဘယ်လိုပြောလိုက်တယ် မင်းဘဝကိုမင်းက ငါးညှီတောထဲမှာပဲအကုန်ခံတော့မလို့လား စျေးထဲမှာ ဓားတရမ်းရမ်းနဲ့ အမေလုပ်သူက လည်းအာကြမ်းလျှာကြမ်း သမီးလှလှလေးရတာများ သမ္မတကတော်ဖြစ်လာမဲ့အတိုင်း လေကကြီးသေး သူ့သမီးဘယ်လောက်လှလှ ငါးစိမ်သည်ကငါးစိမ်သည်အဲ ငါကအဲမိန်းမနဲ့ခမည်းခမက်တော်ရမယ်ပေါ့လေ"

"သက် လည်းပညာတတ်တယောက်ပါ မေမေ သူ့အမေကငါးရောင်းပြီးကျောင်းထားပေးတာ အမေအတွက်အဲဒါကအပြစ်ကြီးတခုလိုဖြစ်သွားတာလား ချမ်းသာတဲ့အသိုင်းဝိုင်းကမဟုတ်ပေမဲ့သူကဖြူစင်တယ်ရိုးသားတယ်သားရဲ့ အနွံတာလည်းခံတယ် သားဘဝကိုချယ်လှယ်မဲ့မိန်းမမျိုးထက် သားနဲ့အရာတိူင်းဆ်ုးတူကောင်းဖက်ဖြတ်သန်းနိုင်မဲ့မိန်းမမျိုးကိုပဲသားလိုချင်တယ်အမေ"

"အေး ဒါဆိုလည်း မင်းအဖေကုမ္ပဏီကိုအငယ်ကောင် ၁၈ပြည့်မှလွှဲပေးတော့မယ် အဝတ်တထည်ကိုယ်တခုနဲ့ဆင်းလို့ရပြီသွား"

"အမေမလုပ်ပါနဲ့ဗျာ"

အမေနဲ့ထပ်တူရရဲ့ညတိူင်းလိုလိုရန်ပွဲကမပြီးဆုံးနိူင် စာကျက်ရတာတစ်ကြောင်းနားညီးတာကတကြောင်း့အမေကိုစိတ်ဆင်းရဲအောင်လုပ်နေသည့် ထပ်တူရကို စိတ်ထဲကနာကျည်းမုန်းတီးနေမိသည် အခုချိန်မှာတော့ အကိုဖြစ်သူရဲ့ခံစားချက်တွေကို ကိုချင်းစာတတ်ခဲ့ပြီ အချစ်ဆိုတာဘာလဲသိခဲ့ပြီကိုး ငယ်တည်းကရွှေပေါ်မြတင် လက်ညိူးညွှန်ရာရေဖြစ်လာခဲ့သည့် ဘဝမျိုးမှာနေခဲ့ကြလို့ ဆင်းရဲမှာကိုတော့ ညီကို၃ယောက်သေမှာထက်ပ်ိုကြောက်ခဲ့ကြသည် အချစ်ရှိရင် အရာရာကိုကျော်ဖြတ်နိူင်သည်ဆိုသည်မှာ ဇာတ်ကားတွေထဲမှာသာရှိလိမ့်မည် မိဘနဲ့ကြွယ်ဝချမ်းသာမှုတွေကို လဲနိုင်သည်အထိတော့ကျွန်တော်တို့ အကြီး ၂ယောက်လုံးမှာသတ္တိတွေမပါလာခဲ့

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now