အပိုင်း(၂၆)

642 11 0
                                    

ကျောင်းနဲ့ ရုံးပိတ်ရက်လေးလည်း ပန်းမနားရပြန် မေမေက ဘုရားစုံဖူးနေတာကြောင့် ပန်းမှာတနေကုန် အဖော်လိုက်ပေးနေရတော့၏ မေမေက တော့ ကိုထပ်တူညီ့ ကားလေးနောက်က အခန့်သားဆိုတော့ ဒီလောက်နဲ့ ပင်ပန်းတယ်မရှိ ပန်းမှာတော့ စာမေးပွဲလည်းနီးနေတာကြောင့် ပိတ်ရက်လေးအဆောင်မှာနားနားနေနေ နေပြီး စာကျက်ချင်တာတော့ အမှန် ...အခုကျကားပေါ်မှာစာအုပ်တွေနဲ့...ထပ်တူညီကတော့ မေမေ့နဲ့စကားလက်ဆုံကျပြီး အဆင်ပြေနေလေရဲ့ ခဏလေးနဲ့ မေမေက ကလည်း သားတွေ ဘာတွေ ခေါ်တဲ့ထိတောင် ဖြစ်ကုန်၏

"ချာတိတ်ရော မေမေရော စားချင်တာရှိ ကြိုက်သလောက်မှာနော် ကိုကျွေးမှာ"

"အေးကွယ် အန်တီလာတာ ဒီတစ်ခါ အဆင်ပြေဆုံးပဲ ဒီကသားလေးကြောင့် သွားချင်တာတွေလည်းသွားရ ပြန်တောင် မပြန်ချင်တော့ဘူး"

"မေမေ"

ပန်းက ဂျိုကြည့်ကြည့်ကာ မေမေ့ကို တံတောင်နဲ့ လမ်းတွက်လိုက်သည် မေမေကတော့အပြုံးမပျက်

"ဒါဆိုလည်း အေးဆေးနေပြီးမှ ပြန်ပါလား အန်တီရ ကျွန်တော်တိုက်ခန်း တခန်းစီစဉ်ပေးမယ်လေ ပျော်သလောက်နေပေါ့ ပန်းလည်း အဆောင်ခ သက်သာတာပေါ့"

"အာ ကိုထပ်တူညီ မလိုပါဘူး ပန်းနဲ့ အကိုရဲ့ ပက်သက်မှုကအဲဒီလောက် အတိုင်းတာထိ လုပ်ပေးဖို့်ှမှ မလိုတာ အမေက အလုပ်ကိစ္စတွေ ရွာမှာရှိသေးတယ်"

"အယ် ညည်းကွယ် မောင်ထပ်တူညီကိုဘယ်လို စကားတွေ ပြောနေတာလဲ ဒီလောက်ထိ အမေတို့ အပေါ်ကောင်းနေတာစိတ်မရှိပါနဲ့သားရယ် အဲကလေးမကမရှိတဲ့မာနကို မိုးထိုးနေတာ... နေလို့တော့မရဘူးသားရေ ကလေး၂ယောက်က ရွာမှာကျန်ခဲ့တာ အလုပ်တွေကလည်းနားလို့မဖြစ်ဘူးကွယ် သားစေတနာကိုတော့ အသိမှတ်ပြုပါတယ်ကွယ်"

မေမေနဲ ထပ်တူညီ စကားလက်ဆုံကျတိုင်း ပန်းကို အမြဲ အခက်တွေ့စေမိတာတော့အမှန် အမေက ဇွတ်တွေ အလိုက်မသိ ထပ်တူညီကလည်း အမေ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ပန်းနဲ့ပိုနီးစပ်ဖို့ပဲ ကြိုးစားနေပုံပေါက်သည်... တသက်လုံး ဆင်းဆင်းရဲရဲနေလာရတော့လည်း သမီးကိုယောက်ျားကောင်းရစေချင်မိတာတော့ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုလိုနေမှာပေါ့လေ

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now