ဆေးရုံစောစောရောက်နေတာကြောင့့်အောက်ထပ်က ကော်ဖီဘားမှာပဲ မနက်စာစားလိုက်သည် ဆရာဝန်ဆိုသည်မှာလည်း သင်္ကြန်တွင်းအရေးပေါ်လူနာတွေပိုများသည်မို့နားဖို့ထက် လူနာအသက်က ပိုအရေးကြီးသည်ဆိုရမည်
"ညီ မေ့ကို ရှောင်နေတာလား"
စားပြီး ပြန်မည်လုပ်တော့ နီညိုရောင် ကိုယ်ကျပ်လက်ရှည်ကို ဂျင်းဘောင်းဘီအရှည်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ဒေါက်ဖိနပ်ပါစီးထားတော့ အရပ်က ကိုယ်နဲ့ မတိမ်းမယိမ်းဖြစ်နေသည် သူမ ရဲ့ မျက်နာထားနဲ့ စကားတွေက တင်စီးလွန်းနေသည်ထင်ရသည်
"ရှောင်စရာ ဘာအကြောင်းရှိလဲဗျာ"
"ရှိတာပေါ့ ညီ မေ့ဖုန်းတွေ လုံးဝမကိုင်တော့ဘူး အဲဒါ ဘာသဘောလဲ"
ရပ်နေရာကနေ ဆေးရုံကလူတချို့ ကွက်ကြည့်ကွက်ကြည့်ဖြစ်နေသည်မို့ ပြန်ထိုင်လိုက်သည် သူမကလည်း ကိုယ်မျက်နာချင်းဆိုင်မှာ အလိုက်သင့်ထိုင်ပြီး မကျေနပ်သည့်လေသံနဲ့ ဆက်ပြောနေသည် စိတ်ပျက်ပြီး သက်ပြင်းကို တိုးတိုးလေးရှိုက်နေမိသည်
"ညီ အဲလောက်တွေ ဂရူစိုက်ပြပေးပြီးကွား ဘာလဲ မေ့ကို ခဏတာ အရူးလုပ်သွားတာလား"
"အမ အထင်မှားနေပြီထင်တယ် ကျွန်တော် လူနာတယောက်ထက်ပိုပြီး အမ အပေါ် မဆက်ဆံမိဘူး လို့ထင်တယ် အမဘက်က ကျွန်တော် စိတ်ရင်းနဲ့ ဂရုစိုက်တာကို အဲလိုတွေ တလွဲကောက်ချက်ချ သတ်မှတ်ပေးလို့လဲ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိတယ်"
"ညီ မေကလေ "
" ဆောရီး Duty ရှိလို့သွားပါဦးမယ် နောက်တခုအမ သိထားရမှာက ကောင်းနေ့ဇွဲက ကျွန်တော်သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်နေတာကြောင့် အကယ်၍ ကျွန်တော်ကြိုက်ရင်တောင် စောင့်ထိမ်းရမဲ့စည်းတွေ အများကြီးရှိတယ် အမနားလည်ပါတယ်နော် ကျွန်တော် ဘာကိုပြောလဲဆိုတာ"
"ဟင် ဇွဲနဲ့ ညီက"
"ဟုတ်ပါတယ် မမေသူ ဆက်ပြီး ပက်သက်ဖို့ မသင့်လို့ ကျွန်တော့်ကို မဆက်သွယ်ပါနဲ့"
ထပ်တူညီက အားလုံးသိသွားသည့်ပုံစံဖြင့်တစ်ချက် မဲ့ပြုံးပြုံးပြီး အထင်သေးသလိုအကြည့်နဲကြည့်ပြီး ချက်ချင်းလှည့်ထွက်သွားသည်
YOU ARE READING
ကာရံမဲ့မုန်တိုင်း
Romanceမိန်းမတစ်ယောက်ကြောင့်ဘဝပျက်အိမ်ထောင်ကွဲပြီးမိန်းမတွေအပေါ်မယုံကြည်တော့တဲ့သူနှလုံးသား ကို နောက်တကြိမ်ပြန်ပြီးချစ်တတ်လာအောင် သူမ ဘာတွေပြန်လုပ်ပေးမှာလဲ