အပိုင်း(၄၂)

483 6 0
                                    


"မြတ်ပန်းကို အကိုကြီးက လိုက်ပို့ခိုင်းတယ်ဆိုရင် မြတ်ပန်း ကျွန်တော့်ကို စိတ်ဆိုးမှာလား"

"ဟင့်အင်း ပန်း ရိပ်မိပါတယ် ဒါပေမဲ့လေ သူကူညီတာ ဒါနောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေနော်"

"ဘာလို့လဲ"

"ပန်း သူ့အကူညီတွေ ဒီထက်ပိုပြီး မလိုချင်လို့ပါ ကိုယ့်ကိုကိုယ်လိပ်ပြာမလုံသလိုလည်း ခံစားရတယ်"

"မဟုတ်သေးပါဘူး ပန်းနဲ့အကိုကြီးကြားမှာ တခုခုတော့ လွဲနေပုံ.........ပုံ"

မြတ်ပန်းက နောက်ခန်းကို မျက်စပစ်ပြလိုက်တော့ နောက်ခန်းမှာ သူမ အမေထိုင်နေတယ်ဆိုတာကို မျက်နာရိပ်မျက်နာကဲ လှမ်းပြလိုက်မှန်းတန်းသိသည် ဆက်မပြောတော့ပဲ အိမ်အထိလိုက်မပို့နဲတော့ဆိုတာကြောင့်သူမ ပြောသည့် လမ်းထောင့်မှာပဲ ကားရပ်ပေးလိုက်သည်

"ကိုသန်းဇော် တကယ့်ကို ကျေးဇူးတင်ပါတယ် ဦးကောင်းနေ့ဇွဲကိုလည်းပြောလိုက်ပါ ပန်းက ဒီနေ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်လို့့"

"ရပါတယ် ပန်း ကျွန်တော်ပြောလိုက်ပါမယ် အဆင်ပြေပါစေ ကျွန်တော်သွားပြီနော်"

လက်ပြရင်းသာကျန်ခဲ့ရသည် မင်္ဂလာဆောင်မှာ သူရှိနေမှန်းတောင် သတိမထားမိ ဘယ်ချိန်တည်းက သူ ကိုယ့်ကို စောင့်ကြည့်နေခဲ့တာလဲ

တိုက်ခန်း ပြန်ရောက်ရောက်ချင်း  အင်ကျီတောင် မလဲနိုင်တော့ပဲ  အိပ်ယာပေါ်ခြေပစ်လက်ပစ် ဒိုင်ဗင်ထိုးပစ်လိုက်သည် အမေ့ကတော့ ပန်းအတွက် စိတ်မကောင်းဖြစ်နေသည်ထင်သည် သူစခဲ့သည့် ဇာတ်လမ်းမို့ ဒီလိုတွေဖြစ်လာတော့လည်း စကားတောင် ပန်းကိုလာမပြောရဲ အေးလေ ထပ်တူညီ မိဘဘက်က ဘယ်လိုသဘောထားရှိတယ် ဘယ်လိုပူံစံရှိတယ်ဆိုတာ အမေ့မျက်စိနဲ့တပ်အပ်မြင်လိုက်တာပဲ ......ကိုယ့်ကို ထပ်တိုက်တွန်းဖို့တော့ သူဘယ်အင်အားရှိတော့မလဲ အမေမျှော်မှန်းထားတဲ့ လူကုန်ထံအသိုင်ဝိုင်းဆိုတာကြီးက သမီးတို့လို့ အခြေခံလူတန်းစားတွေကို ဘယ်လို ဆက်ဆံလဲ အခုသိပြီလား အမေမြင်ရဲ့လား အဲဒါပဲ မေမေရဲ့ လူချမ်းသာ အသိုင်းဝိုင်းဆိုတာ

ကာရံမဲ့မုန်တိုင်းWhere stories live. Discover now