Unicode
အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]Chapter.6
သူတို့ပြန်သွားတော့ဦးစေညွှန်ကမွေ့လက်ကလေးကိုကိုင်ကာ
''ငါ့တူမ...သူနဲ့ငါ့တူမကြားမှာဘာတွေဖြစ်ခဲ့တာလဲ''
သူမကအကြောက်အကန်နဲ့ခေါင်းရမ်းပြသည်။
သူမကထိုလူအားခါးခါးသီးသီးငြင်းလိုက်သည်မဟုတ်ပါလား။
''နင်ဘာလို့သူ့ကိုငြင်းတာလဲမွေ့ အဲလိုသူဌေးရဲ့ဇနီးဖြစ်ဖို့ကလွယ်တယ်များထင်နေလား''
''ဟဲ့ ခုမှတွေ့ဖူးတဲ့သူကိုဘာယုံပြီးလက်ထပ်ရမှာလဲနုခြယ်ရဲ့''
''အခုမှတွေ့ဖူးပေမယ့်သူတို့အကြောင်းကိုတစ်တိုင်းပြည်လုံးသိတယ်လေ''
''အဲ့ကောင်လေးကိုတော့ငါအခုမှမြင်ဖူးတာပါ ဦးဇေသူမှာမြေးရှိတာသိပေမယ့်တစ်ခါမှမမြင်ဖူးဘူး''
''အဲဒါတော့နုခြယ်လည်းအတူတူပဲ သူကအရမ်းသန့်အရမ်းချောတယ်နော်''
ဦးစေညွှန်က...
''ကဲပါ မင်းတို့သားအမိခဏလေးနေကြပါဦး...မွေ့ လေးလေးကိုပြော သူကဘာလို့မွေ့ကိုဒီလောက်အသည်းအသန်လက်ထပ်ချင်နေရတာလဲ''
အဲဒါကိုမွေ့ကဘယ်လိုလုပ်သိပါ့မလဲလေ။
''ကဲပါ ငါ့တူမမဖြေချင်လည်းထားတော့ နုခြယ် သမီးညီမကိုအိမ်ပေါ်ခေါ်သွား''
''ဟုတ်ဖေဖေ''
နုခြယ်ကမွေ့လက်ကိုဆွဲကာအပေါ်ထပ်သို့ခေါ်လာ၏။
ဒေါ်ရွှေသားကမွေ့ကိုလိုက်ကြည့်ပြီးမှဦးစေညွှန်ဘက်လှည့်ကာ
''ကိုစေညွှန် ကျွန်မတို့သဘောတူလိုက်ရအောင်''
''အာ...မင်းကလည်း မွေ့ကလက်မခံပါဘူးတဲ့ဆို''
''သူ့သဘောထားကအရေးကြီးမှန်းသိပါတယ် ဒါပေမယ့်ရှင်စဥ်းစားနော် ရှင့်တူမကတစ်သက်လုံးဒီပုံစံဆိုဘယ်လိုလုပ်မလဲ ရှင်နဲ့ကျွန်မသာသေသွားကြည့် နုခြယ်အတွက်မပူရဘဲမွေ့အတွက်ပဲပူရမှာ သူ့ရဲ့တာဝန်တွေကနုခြယ်အပေါ်ရောက်သွားမှာ နုခြယ်လည်းသူ့ဘဝသူဆက်လျှောက်ရဦးမယ်လေ အဲတော့ရှင့်တူမကိုသူဌေးမိန်းမ ချမ်းသာတဲ့အိမ်ကသူဌေးကတော်သာလုပ်ခိုင်းလိုက် အဲဒါဆိုသူ့အတွက်ဘာမှပူစရာမရှိတော့ဘူး''