Unicode
အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]Chapter.33(ဇာတ်သိမ်း)
''ပူတူတူးလေးရေ...ဖေဖေ့အသည်းနှလုံးလေးရေ...ဖေဖေ့အချစ်တုံးလေး...ဖေဖေကချစ်တယ်နော်''
သမီးကိုစကားတွေပြောနေကာမြှူနေသောခြားနားကိုကြည့်ပြီး မွေ့ကြည်နူးစွာပြုံးလိုက်မိသည်။
သူကသူ့သမီးကိုတော့အတော်ချစ်ရှာသား။
''ဖေဖေကသမီးမေမေပြီးရင်သမီးကိုအချစ်ဆုံးပဲသိလား''
သမီးကလည်းလက်တွေခြေတွေယောက်ခတ်စွာလှုပ်ရှားပြီးသူ့ကိုပြန်ရယ်ပြနေ၏။
''နောက်ထပ်ကလေးရရင်ရော''
ပြောရင်းနဲ့မွေ့ကကုတင်မှာဝင်ထိုင်လိုက်လေသည်။
''ဘေဘီကကိုကို့ကိုနောက်ထပ်ကလေးမွေးပေးဦးမှာလား''
''မသိဘူးလေ''
ခြားနားကသူမလက်ကလေးကိုဆွဲကာသူ့ပေါင်ပေါ်ထိုင်စေလိုက်ပြီး သူမမေးဖျားလေးကိုကိုင်ကာမျက်နှာလေးကိုစိုက်ကြည့်လိုက်လေ၏။
''ပြောပါ...ကိုကို့ကိုနောက်ထပ်ကလေးထပ်မွေးပေးဦးမှာလားလို့''
''မပြောတတ်ပါဘူး ကိုယ်ဝန်ဆောင်ရတာအရမ်းပင်ပန်းတာကို''
''ဘေဘီ့ကိုကိုကိုစောင့်ရှောက်မှာပေါ့ ဘေဘီကကိုကို့ကိုနောက်ထပ်သားလေးတစ်ယောက်ထပ်မွေးပေး''
''နောက်ထပ်ကလေးထပ်ယူလို့မိန်းကလေးပဲဆိုရင်ရော''
''ဘာဖြစ်လဲ ယောကျ်ားလေးမရမချင်းထပ်ထပ်ပြီးယူမှာပေါ့''
''ဘောလုံးတစ်သင်းစာဖြစ်တဲ့ထိမိန်းကလေးတွေချည်းပဲဆိုရင်ရော''
''ကိုကိုကhigh bossလေ အကုန်လုံးကိုရှာကျွေးနိုင်တယ်...လုပ်ပါဘေဘီရဲ့ ကိုကိုနဲ့တူတဲ့သားလေးထပ်မွေးပေး''
''......''
''နော်လို့''
''မသိဘူး''
''ဘာကိုမသိတာလဲဘေဘီရယ် ဒါမှမဟုတ် ဘေဘီသဘောတူတယ်ဆိုရင်ခေါင်းလေးပဲညိတ်ပြ''
မွေ့ကမျက်နှာမှာပြုံးရိပ်လေးသမ်းသွားပြီး ချက်ချင်းပဲခေါင်းလေးငုံ့သွားလေတော့သည်။