Unicode
အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[season.2]Chapter.2
''ဒေါက်...ဒေါက်''
''မြေး''
''ဝင်ခဲ့လေဖိုးဖိုး''
ချက်ချင်းဆိုသလိုပဲ သူ့အဖိုးကအခန်းထဲဝင်လာပြီး အခန်းထဲကပန်းချီကားတွေအားဝေ့ဝဲကြည့်ကာ
''ငါ့မြေးရယ် ဒီတစ်ခုတည်းကိုပဲထပ်ခါထပ်ခါဆွဲနေတာမငြီးငွေ့ဘူးလား''
ရယ်နေတာ ပြုံးနေတာ ငိုနေတာ စသဖြင့်သာပြောင်းလဲသွားပေမယ့်လည်းလူနဲ့မျက်နှာလေးကတော့ပြောင်းလဲမသွား။
''မငြီးငွေ့ပါဘူးဖိုးဖိုးရာ သူကကျွန်တော်ချစ်ရတဲ့မိန်းကလေးလေ''
ဦးဇေသူ,ပန်းချီဆွဲနေသောမြေးနားသွားကာ ပုခုံးကိုကိုင်၍
''မြေး...အဲလောက်ထိစွဲလမ်းစိတ်မများပါနဲ့လား''
စုတ်တံကိုင်ထားတဲ့သူ့လက်တွေကရပ်တန့်သွားရလေ၏။
''ဖိုးဖိုး''
''မြေးသေချာစဥ်းစားပါဦး...ဒါကဖြစ်တောင့်ဖြစ်ခဲကိစ္စနော် သူကတစ်ခြားဘဝရောက်နေရင်ဘယ်လိုလုပ်မှာလဲ''
''မဟုတ်ဘူးဖိုးဖိုးရ ကျွန်တော်တပ်အပ်ပြောနိုင်ပါတယ် သူလူ့လောကထဲမှာရှိနေတယ် ကျွန်တော်ယုံတယ်''
''ငါ့မြေးကမသေချာတာကိုမျှော်လင့်နေတာပဲ''
''ဖိုးဖိုးပြောချင်သလိုသာပြောပါ ကျွန်တော်ကတော့ကျွန်တော်မသေမချင်းသူ့ကိုလိုက်ရှာနေဦးမှာပဲ''
ဦးဇေသူလည်းခေါင်းတရမ်းရမ်းဖြင့်ထိုအခန်းထဲကပြန်ထွက်ခဲ့လိုက်လေ၏။
သနားစရာမြေးလေး...
သူ့စိတ်ထဲမှာတော့သူ့မြေးကရူးနေသည်ဟု။
***
''ကိုစေညွှန်...ရှင့်တူမကအမြဲဒီလိုကြီးပဲဖြစ်နေတော့မှာလား''
ဒေါ်ရွှေသားကမှန်တင်ခုံရှေ့ထိုင်ကာမျက်နှာကိုskin careနေရင်းမှလှမ်းမေး၏။
''တူမလေးကဘာဖြစ်နေလို့လဲ''
''ဪ မေးတတ်တယ်နော်...ရှင့်တူမအကြောင်းရှင်သိနေတာပဲလေ''