P.15

1.4K 54 7
                                    

Unicode

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]

Chapter.15

ခြားနား လှုပ်ခတ်သွားတဲ့သူ့စိတ်တွေအားသေချာဟန်ဆောင်ဖုံးဖိရင်းမှ...

''ဦးသတိုးရာဇာပဲ''

''ဟုတ်တယ်မြေး.. သိပ်မကြာသေးခင်ကမှဖိုးဖိုးနဲ့မိတ်ဆုံစားပွဲတစ်ခုမှာတွေ့ပြီးခင်လာတာ...လာလေမောင်သတိုး ထိုင်ပါ''

သတိုးကဆိုဖာမှာဝင်ထိုင်လိုက်ပြီး...

''ကျွန်တော့်ကိုအိမ်ကိုအလည်ခေါ်လို့ကျေးဇူးပါပဲအန်ကယ်...အန်ကယ့်မြေးကအချောပဲ ကျွန်တော့်အသိနဲ့တောင်ခပ်ဆင်ဆင််ရယ် ဒီလောက်ဥပဓိရုပ်ကောင်းနေတာကိုဘာလို့လူကြားထဲမထွက်တာလဲ''

''ကျွန်တော်ကမီဒီယာနဲ့မပတ်သက်ချင်လို့ပါ''

''ဪ မတွေ့စေချင်တဲ့သူတွေရှိတယ်မှတ်နေတာ''

သူ့စကားကြောင့်ခြားနားရဲ့မျက်ဝန်းတွေကအရောင်တစ်မျိုးမျိုးဖြတ်ပြေးသွားလေ၏။
သူဘာတွေသိထားတာလဲ။

''အန်ကယ်...ကျွန်တော်အန်ကယ့်မြေးနဲ့သီးသန့်စကားပြောခွင့်ရနိုင်မလားဗျ''

ဦးဇေသူကမြေးဖြစ်သူကိုလှည့်ကြည့်သည်။

''ရပါတယ်ဦးသတိုးရာဇာ ကြွပါ''

သူပြောပြီးနေရာကနေထထွက်လာခဲ့လိုက်၏။

သူတို့စံအိမ်ရဲ့ခပ်လှမ်းလှမ်းမှာ ပေနှစ်ဆယ်ပတ်လည်ရှိသောနားနေဆောင်ရှိပြီး အထဲမှာစားပွဲတွေထိုင်ခုံတွေနဲ့ပန်းပင်တွေပါရှိသည်။

ခြားနားကသတိုးကိုထိုနားနေဆောင်ဆီသို့ခေါ်လာခြင်းပင်။

''ထိုင်ပါ''

''အဟင်း...တိမ်ယံခ တိမ်ယံခ မင်းအတော်လေးလည်းဟန်ဆောင်ကောင်းပါလား''

''ခင်ဗျားဘာတွေလာပြောနေတာလဲ''

''ငါမိုးသားနဲ့တွေ့ပြီးပြီ''

ခြားနား ပေါက်ကွဲလုနီးပါးစိတ်တွေကိုမနည်းထိန်းကာ...

''ဘယ်ကမိုးသားလဲ''

''သိမ်မွေ့''

''ခင်ဗျားကကျုပ်ဇနီးလောင်းကိုဘယ်လိုသိလဲ''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလားS.2[Completed]Where stories live. Discover now