P.29

1.7K 81 8
                                    

Unicode

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]

Chapter.29

မွေ့ကိုစစ်ဆေးပေးနေသောဆရာဝန်ရဲ့မျက်နှာကိုကြည့်ပြီး ခြားနားအရမ်းပဲစိတ်လှုပ်ရှားနေမိသည်။

ဆရာဝန်ဆီကနေဘယ်လိုအဖြေစကားကြားရမလဲဆိုတာမသိနိုင်ဘူးလေ။

​မွေ့လည်းထိုနည်းတူပါပဲ။

''ဒေါက်တာ...ကျွန်တော့်ဇနီးဘာဖြစ်တာလဲ''

ဆရာဝန်ကပြုံးတုံးတုံးဖြင့် နားကနားကြပ်ကိုဖြုတ်ကာ...

''ကြီးကြီးမားမားစိုးရိမ်စရာမရှိပါဘူး...ဒါပေမယ့် အခုကစပြီးသေချာဂရုစိုက်ပေးရတော့မယ်''

''ဗျာ...ဘာလို့လဲဗျ''

''မင်းဇနီးမှာကိုယ်ဝန်ရှိနေပြီ''

''ဗျာ!...တစ် တစ်ကယ်လားဒေါက်တာ''

သူမယုံနိုင်ခြင်းများစွာနဲ့ပြန်မေးမိ၏။

မွေ့ကလည်းတအံ့တသြနဲ့ ဆရာဝန်​ပြန်ထဖြေလာမယ့်စကားကိုနားစွင့်လို့နေလေသည်။

''တစ်ကယ်ပြောတာ မနက်ဖြန်ကျရင်ဆရာ့ရဲ့ဆေးရုံကိုလာခဲ့ OGနဲ့မိတ်ဆက်ပေးမယ်''

''ဟုတ်...ဟုတ်ကဲ့ပါဒေါက်တာ''

ဆရာဝန်ပြန်သွားတော့​ခြားနားကမွေ့လက်ကလေးကိုကိုင်ကာ...

''ဘေဘီ...ဘေဘီကြားရဲ့လား...ဘေဘီ့မှာကိုယ်ဝန်ရှိနေပြီတဲ့ ကိုကိုတို့ကိုယ်ပွား...''

သူ့စကားမဆုံးခင်မှာပဲမွေ့ကသူမလက်ကလေးကိုဆွဲဖြုတ်ပြီး ရင်ဘတ်ပေါ်ကစောင်ကိုခေါင်းထိဆွဲခြုံ၍...

''ထွက်သွား''

''ဘေဘီ...''

''ထွက်သွားလို့ပြောနေတယ် ​တွေ့တာနဲ့ကောက်ထုမှာနော်''

ခြားနားသက်ပြင်းသဲ့သဲ့ချလိုက်၏။

အရင်ကမုန်းတယ်ဆိုပေမယ့်အနားကပ်ခွင့်ရခဲ့သေးတယ်။
အခုကသူမကခါးခါးသီးသီးမုန်းမပြဘဲနဲ့ကိုအနားအကပ်မခံတော့ဘဲသူ့ကိုစိမ်းစိမ်းကားကားဆက်ဆံနေတာပင်။

''မသွားသေးဘူးလား...ခေါင်းမြီးခြုံထားလို့မသိဘူးထင်မနေနဲ့...အခုထွက်သွား''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလားS.2[Completed]Where stories live. Discover now