Unicode
အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]Chapter.7
ခြားနားကမွေ့အားရန်ကုန်မြို့နဲ့မနီးမဝေးမှာရှိတဲ့သူတို့မိသားစုပိုင်အပန်းဖြေစံအိမ်ဆီသို့ခေါ်လာတာပါ။
စံအိမ်ကအဖြူစွတ်စွတ်ဖြစ်ပြီးခြံဝန်းကလည်းအတော်ကျယ်ကာ ခြံတံခါးကလည်းဆယ်ပေလောက်ကိုမြင့်သည်။
သူ့ကြိုတင်အကြောင်းကြားထား၍ အစောင့်နှစ်ယောက်ကကတံခါးရဲ့တစ်ဖက်တစ်ချက်စီမှာရှိနေကြပြီး သူ့ကားကိုမြင်သည်နှင့်ခြံတံခါးကိုဆွဲဖွင့်ပေးလာကြလေ၏။
သူလည်းကားကိုခြံထဲထိမောင်းဝင်ခဲ့ပြီးကားကိုအိမ်ရှေ့ပေါ်တီကိုအောက်မှာထိုးရပ်ကာ ကားပေါ်ကဆင်းလိုက်ပြီးမွေ့အားကားနောက်ခန်းထဲကနေဆွဲထုတ်လိုက်သည်။
ပြီးတာနဲ့သူမအားပုခုံးပေါ်ပြန်ထမ်းတင်ကာအိမ်ထဲဝင်ခဲ့လိုက်တော့၏။''လွှတ်!...ကျွန်မကိုပြန်ပို့ပေး လူယုတ်မာကြီး ရှင့်ကိုအရမ်းမုန်းတယ်!!''
ဒီလူ့ကိုမွေ့အရမ်းမုန်းတယ်။
ဘယ်လောက်တောင်လဲဆိုရင် ဘယ်သူနဲ့မှစကားမပြောချင်တဲ့သူမက ဒီလူ့ကိုတော့အရမ်းမုန်းတဲ့အကြောင်းကိုနှုတ်ကနေဖွင့်ဟချင်တဲ့ထိပင်။
ခြားနားကသူမစကားအားဂရုမစိုက်ဘဲမြင့်မားလွန်းလှသောမြွေလိမ်မြွေကောက်လှေကားကြီးအတိုင်းတက်လာပြီးမွေ့အားအခန်းတစ်ခုထဲသို့ခေါ်လာလေသည်။
အခန်းထဲရောက်သည်နှင့်သူမအားအိပ်ရာပေါ်တင်ကာလက်ကကြိုးပါဖြည်ပေးလိုက်လေ၏။
အခွင့်အရေးကိုချောင်းနေတဲ့မွေ့ကလည်းချက်ချင်းဆိုသလိုပဲကုတင်ပေါ်ကပြေးဆင်းပြီးတံခါးဆီသို့သွားဖို့လုပ်တုန်း ခြားနားကသူမကိုယ်လေးအားဆွဲထားပြီးမွေ့ယာပေါ်ပြန်တွန်းလှဲကာသူမပေါ်အုပ်မိုးထားလိုက်သည်။
''ရှင်ဖယ်...လူယုတ်မာ''
''ကိုကိုမင်းကိုချစ်လို့လက်လွှတ်မခံနိုင်လို့ပါမွေ့ရယ်''
''သေလိုက်ခွေးကောင်...ရှင့်ကိုကျွန်မအရမ်းမုန်းတယ်''
ခြားနား သူမလက်ကောက်ဝတ်လေးတွေကိုဖိထားသည့်ကြားကနေ မွေ့ကအတင်းရုန်းသည်။