Unicode
အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]Chapter.8
သူမအားမလွတ်တမ်းနမ်းနေသောခြားနားအား မွေ့တွန်းလွှတ်ပစ်ပြီး အိပ်ရာကနေကုန်းရုန်းထကာရင်ဘတ်ကိုပါဆောင့်ကန်ပစ်လိုက်တာမို့ ခြားနားမှာကုတင်အောက်ပြုတ်ကျသွားရတော့သည်။
''လာမထိနဲ့ ကျွန်မကိုခုပြန်ပို့''
ခြားနားကလဲကျနေရာမှထလာပြီး
''ပို့ပေးမယ် အခုတော့မဟုတ်သေးဘူး''
''ခုပို့''
''မပို့ဘူး''
''လူယုတ်မာ''
''မွေ့ကိုချစ်လို့ပါ''
''ကျွန်မကတော့မုန်းတယ်''
''လောလောဆယ်ထမင်းအရင်စားမယ်''
သူမကစားပွဲပေါ်ကထမင်းပန်းကန်ကိုကြမ်းပေါ်ဆွဲချပစ်လိုက်လေ၏။
ခြားနားလည်းသူမအားပွေ့ချီလိုက်ပြီးအခန်းထဲကနေခေါ်ထုတ်လာခဲ့လိုက်သည်။
''လွှတ်!...မထိနဲ့''
ခြားနားကသူမကိုအောက်ထပ်ထိခေါ်လာပြီးမှထမင်းစားခန်းထဲထိသို့ဝင်လာခဲ့လိုက်လေ၏။
သူတို့ထမင်းစားခန်းကလည်း မွေ့တို့ရဲ့အိမ်အကျယ်အဝန်းလောက်ကိုကျယ်တာပါ။
''ရှင့်ကိုသေအောင်မုန်းတယ်''
''ဟုတ်ပါပြီ ကိုကိုသိပါပြီကလေးရဲ့''
မွေ့ကနှုတ်ခမ်းလေးကိုဖိကိုက်၍သူ့နားရွက်ကိုပါလှမ်းကိုက်လာတော့သည်။
''အာ့အာ့...နာတယ်မွေ့''
မွေ့ကသူ့အားကျေနပ်အောင်ကိုက်ပစ်ပြီးမှလွှတ်ပေး၏။
''ကျေနပ်ပြီလား''
မွေ့သူ့အားမျက်စောင်းထိုးကာအကြည့်လွှဲပစ်လိုက်သည်။
ခြားနား သူမအားခုံမှာထိုင်စေပြီးသူပါဘေးခုံမှာဝင်ထိုင်ကာ...
''လာကြစမ်း''
သူခေါ်လိုက်သည်နှင့်ခုနကမိန်းကလေးသုံးယောက်ကသူတို့ဆီသို့အပြေးတစ်ပိုင်းရောက်လာကြလေသည်။