P.31

1.7K 73 1
                                    

Unicode

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]

Chapter.31

တဖြည်းဖြည်းကုန်လွန်လာသောအချိန်တွေနဲ့အတူ မွေ့ဗိုက်လေးကအတော်လေးစူနေပြီးဖြစ်ပြီးမီးဖွားဖို့ရက်တောင်နီးလာပြီဖြစ်သည်။

''ဘေဘီ...ဒီရက်ပိုင်းဂရုစိုက်တော့နော် ဗိုက်ကရှစ်လထဲရောက်နေပြီ ရှစ်လဆိုတာအတော်လေးအရေးကြီးတဲ့အချိန်ကာလပဲသိလား''

''အွန်း''

''ကိုကိုလည်းဘေးမှာရှိနေပေးမှာဆိုပေမယ့် ကိုကိုခဏလေးမရှိတဲ့အချိန်မှာတစ်ခုခုဖြစ်သွားမှာစိုးလို့''

''အွန်းပါဆို''

သူမတို့အခုဆေးခန်းကပြန်လာတာဖြစ်ပြီး ဆေးကနေထွက်လို့အခုအိမ်ရောက်သည်ထိသူကမှာတမ်းတွေခြွေနေတာမပြီးနိုင်မစီးနိုင်။

ဘုန်းသွေးကကားကိုပေါ်တီကိုအောက်ထိမောင်းလာရင်း ခြံထဲမှာရပ်ထားတဲ့ကားကိုရော နားနေဆောင်မှာကိုလှမ်းကြည့်ပြီးမျက်နှာတစ်ခုလုံးပျက်ယွင်းသွားရတော့သည်။

နုခြယ်ကနားနေဆောင်ထဲမှာ ဟိုရဲနဲ့စကားတွေပြောပြီးရယ်မောနေသည်လေ။

ခြားနားကမွေ့အားကားပေါ်ကနေတွဲခေါ်ပြီးအိမ်ထဲခေါ်သွားသည်ထိ ဘုန်းသွေးကနုခြယ်တို့ကိုရပ်ကြည့်နေဆဲပါပဲ။

သူတို့ကဘယ်အခြေအနေထိများရောက်နေကြပြီလဲ။

***

နုခြယ်,မျိုးဇော်ဦးပြန်သွားသည်နှင့်အိမ်ပေါ်ထပ်ကသူမအခန်းဆီသို့ပြန်လာခဲ့လိုက်၏။

ဟိုတစ်ခါရဲစခန်းမှာတွေ့ပြီးနောက်ပိုင်းမှာ သူမနဲ့မျိုးဇော်ဦးတို့အပြင်မှာထပ်တွေ့ဖြစ်ကြသည်။

အဲတုန်းကသူမကသူမရဲ့လိပ်စာကိုမျိုးဇော်ဦးကိုပေးခဲ့သည်ဖြစ်ရာ သူကတစ်ကယ်ကြီးရောက်ချလာတာပင်။

​လူချင်းတွေ့တော့လည်း

''ရည်ရွယ်ထားတဲ့သူရှိပြီလား''

''သဘောကျနေတဲ့သူတွေ့နေပြီလား''

''ချစ်သူရှိနေပြီလား''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလားS.2[Completed]Where stories live. Discover now